DVB Logo
Home
မြန်မာသတင်း
နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းလုပ်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
DVB
·
February 17, 2018
နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းလုပ်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Donate to DVB

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးကို မနေ့ညနေပိုင်းက ဒါကာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နဲ့ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ကြတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ပြန်လည်ခေါ်ယူရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒုတိယဝန်ကြီးအဆင့်၊ အတွင်းဝန်အဆင့် အစည်းအဝေးတွေကို တနှစ်မှာ တကြိမ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ဖို့၊ လိုအပ်ရင် ဝန်ကြီးအဆင့် အစည်းအဝေးလုပ်ဖို့၊  အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့အကြား အမျိုးမျိုးသော အဆင့်ကဏ္ဍအလိုက် ဆွေးနွေးပွဲ ကျင်းပပြုလုပ်တာကို ဆက်လုပ်ဖို့ စတာတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံဘက်က နေရပ်စွန့်ခွာထွက်ပြေးသူတွေကို နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုတင်စိစစ်တာတွေ လုပ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပထမအသုတ် လွှဲပြောင်းပေးမယ့် အိမ်ထောင်စု ၁၆၃၇ စုက လူဦးရေ ၈၀၃၂ ယောက်ရဲ့ အမည်စာရင်းနဲ့ ကိုယ်ရေးအချက်လက်တွေကို ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်ကလည်း ARSA အကြမ်းဖက် အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက်သမားတွေ၊ တရားခံပြေးတွေရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၃ ကြိမ်ပေးပို့ထားပြီးဖြစ်တာကြောင့် အမြန်ဆုံးစုံစမ်း ဖော်ထုတ်ပြီး သတင်းဖလှယ်ပေးပို့ရေးကို အလေးထား ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ ဖေဖော်ဝါရီလ ၁၅ က ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတကိုလည်း သွားရောက် တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013