DVB Logo
Home
မြန်မာသတင်း
လေလွင့်ကလေးများအတွက် ပရဟိတစာသင်ဌာနတခု မုံရွာတွင် ဖွင့်လှစ်
DVB
·
February 17, 2018
လေလွင့်ကလေးများအတွက် ပရဟိတစာသင်ဌာနတခု မုံရွာတွင် ဖွင့်လှစ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ လမ်းဘေးလေလွင့်ကလေးငယ်တွေနဲ့ ဆင်းရဲတဲ့ မိသားစုက ကလေးငယ်တွေအတွက်ရည်ရွယ်ပြီး အင်္ဂလိပ်စာနဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားပေးနိုင်ဖို့ ပရဟိတစာသင်ဌာနတခုကို ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

Poor Care Team ကို သပြေအေးဆရာတော် ဥူးသောပါက ဦးဆောင်ပြီး မုံရွာတက္ကသိုလ်က လူငယ်ပရဟိတအသင်းတွေဖြစ်တဲ့ ကြယ်စင်ပြေးလမ်း၊ မေတ္တာမီးအိမ်၊ အလင်းအိမ်ပရဟိတ စတဲ့အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။

“အရင်က လမ်းဘေးလေလွင့် ကလေးတွေကို စာသင်ပေးရင်းနဲ့ စဖြစ်တာပေါ့။ နောက်တော့ တချို့ရပ်ကွက်တွေကလည်း သူတို့ရပ်ကွက်က ကလေးတွေကို စာသင်ပေးပါဦးလို့ တောင်းဆိုတာကနေ ပိုပြီးတော့ ကျယ်ပြန့်လာတာပေါ့။ လေလွင့်ကလေးတွေတင်မကတော့ဘူး ဆယ်ပေချောင်၊ နန္ဒဝန်တို့ကပါ ကလေးတွေလာသင်နိုင်အောင် ဒီနေရာကို လုပ်ဖြစ်တာပါ။ ဒီမှာ အင်္ဂလိပ်စာ၊ မှိုစိုက်ပျိုးနည်း၊ အပ်ချုပ်သင်တန်းစတဲ့ အသက်မွေးပညာတွေသင်ပေးနိုင်ဖို့မှန်းထားတယ်။ နောက်တခုက ဘာလဲးဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့နေရာမှာ ဒီကလေးငယ်တွေကို သဘာဝပတ်ဝန်းကျင် ချစ်တတ်လာအောင်သင်ပေးပြီး ပိုမိုလှပတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးနိုင်အောင် ရည်မှန်းထားတာတွေတော့ ရှိတာပေါ့” လို့ သပြေအေးဆရာတော် ဥူးသောပါကက ဒီဗွီဘီကိုပြောပါတယ်။

၂၀၁၇ ခုနှစ်ကနေ စတင်ကာ မုံရွာမြို့က လမ်းဘေးကလေးငယ်တွေကို ၁ နာရီ တစ်ထောင်ကျပ်ပေးမယ်ဆိုပြီး စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ငွေကြေးမယူတော့ဘဲ လာသင်တာတွေလည်းရှိလာခဲ့ပါတယ်။

၂၃ ယောက်လောက် သင်ကြားပေးခဲ့တဲ့ အထဲမှာ ၆ ယောက်လောက်ကတော့ ပြောင်းလဲသွားပြီး အလုပ်လုပ်ကိုင်နေသူတွေလည်း ရှိလာတယ်လို့ဆိုပါတယ်။

ကလေးမိဘတွေအနေနဲ့လည်း အခုလိုလာရောက်ပြီး သင်ကြားပေးတဲ့အပေါ်မှာ ကြိုဆိုခဲ့ကြပါတယ်။

သင်ကြားပေးခဲ့တဲ့အထဲမှာ လမ်းဘေးမှာ ပလတ်စတစ်ကောက်တဲ့ ကလေးငယ်တွေ၊ ပိုက်ဆံတောင်းတဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပရဟိတစာသင်ဌာနတခု ဖွင့်တဲ့ပွဲမှာ နိုင်ငံခြားသားတွေလည်းပါဝင်ခဲ့ပြီး မျက်လှည့်ပြတာ၊ သီချင်းဆိုတာ၊ ကပြတာ၊ ကလေးတွေနဲ့အတူ ဖျော်ဖြေရေးတွေ လုပ်ပေးတာတွေလည်း ရှိခဲ့ပါတယ်။ ကလေးငယ်ကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသလို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ ရပ်ကွက်အတွင်းက စိတ်ဝင်စားသူ မိဘပြည်သူတွေလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013