DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ်တွင် ၁၂ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရ
DVB
·
February 17, 2018
လေးမျက်နှာမြို့နယ်တွင် ၁၂ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ချင်းကုန်းရွာမှာ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက အသက် ၁၂ နှစ်အရွယ် မိန်းကလေး တယောက်ကို တရွာတည်းနေအမျိုးသားက သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

လေးမျက်နှာမြို့မရဲစခန်းမှူး ဒုရဲမှူး စောလှက “စခန်းမှာ ဖမ်းဆီးပြီးအမှုဖွင့်ထားပါတယ်။ အသက်တောင် ၄၅ နှစ်နဲ့ ၄၇ နှစ်ကို ဘယ်လိုပြောရမှန်းမသိဘူး။ ကြောင်တောင်တောင်ကောင်၊ နှစ်ခါတွေပြောနေတယ်” လို့ ပြောပါတယ်။

စိုးနိုင်ဟာ ကျူးမှုလွန်ပြီးနောက်မှာ ချင်းကုန်းကျေးရွာနားမှာရှိတဲ့ တောင်ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အတွက် ကျေးရွာတာဝန်ရှိသူတွေကနေ တောင်ပေါ်မှာ တက်ရောက်ဖမ်းဆီးပြီး လေးမျက်နှာမြို့မရဲစခန်းမှာ မုဒိမ်းမှုပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

“အဖြစ်အပျက်ကို ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ အစ်​ကိုက လာတိုင်လို့ သက်​ဆိုင်​ရာနဲ့ ပူး​ပေါင်းရှာဖွေတာမှာ စိုးနိုင်က ရွာနားမှာရှိတဲ့ တောင်​​ပေါ်ကို ထွက်​​ပြေးတိမ်း​ရှောင်​​နေတဲ့အတွက်​ အချိန် ၂ နာရီခွဲ​လောက်အကြာမှာ ဖမ်းဆီးရမိခဲ့ပြီး လေးမျက်​နှာမြို့မ​ရဲစခန်းကို လွှဲအပ်​​ပေးခဲ့​တယ်” လို့ ချင်းကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​မြင့်​အေး​က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၇ ခုနှစ်အတွင်းကလည်း အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ပေါင်း ၁၅၆ ဦး သားမယားအဖြစ်ပြုကျင့်ခံခဲ့ရပါတယ်။  ကျူးလွန်ခံခဲ့ရတဲ့ အသက်အရွယ်တွေကတော့ အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ၆၂ မှု၊ အသက် ၁၁ နှစ်ကနေ ၁၄ နှစ်အထိ ၇၂ မှု၊ အသက် ၆ နှစ်ကနေ ၁၀ နှစ်အထိ ၁၉ မှု၊ အသက် ၂ နှစ်ကနေ ၅ နှစ်အထိ ၃ မှု ကျူးလွန်ခံခဲ့ရတယ်ုလိ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှတ်တမ်းတွေအရ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013