DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် အမျိုးသားတဦး တောဆင်ရိုင်းအနင်းခံရ သေဆုံး
DVB
·
February 17, 2018
တိုက်ကြီးတွင် အမျိုးသားတဦး တောဆင်ရိုင်းအနင်းခံရ သေဆုံး
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ သပြုသစ်တော ကြိုးဝိုင်းအတွင်း ရှိပုဂ္ဂလိက သစ်မာစိုက်ခင်းရှေ့မှာ ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက အမျိုးသားတဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖလုံဘူတာကျေးရွာအုပ်ချူပ်ရေးမှူးဦးအေးသွင်က “အလောင်းကို တွေတဲ့သူတွေက သတင်းပို့တော့ ညဘက်ကြီးဆိုတော့ မသွားရဲဘူး။ နင်းလိုက်တဲ့ တောဆင်ရိုင်းနှစ်ကောင်က အလောင်းဘေးကနေ မခွာလို့ သက်ဆိုင်ရာတွေကို သတင်းပို့ပြီး ဒီနေ့မနက်ကျမှ အလောင်းသွားသယ်ပြီး တိုက်ကြီးမြို့နယ် ပြည်သူဆေးရုံကို ပိုဆောင်ထားပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားက သပြုသစ်တောကြိုးဝိုင်းအတွင်းရှိ ပုဂ္ဂလိကသစ်မာစိုက်ခင်းက မန်နေဂျာဦးမြဝင်းဆိုသူဖြစ်ပြီး ညနေဘက်တူမဖြစ်သူကို ရွာကိုပြန်ပို့ပြီးအပြန်မှာ တောဆင်ရိုင်းနဲ့တွေ့ပြီး အနင်းခံရတာဖြစ်တယ်လို့ စိုက်ခင်းပတ်ဝန်းကျင်အနားက သူတွေကပြောပါတယ်။

တိုက်ကြီးမြို့နယ်တွင်း တောဆင်ရိုင်းတွေ နှစ်စဉ်ဝင်ရောက်ပြီး လူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဝင်ရောက်စားသောက်လေ့ရှိပြီး လူတွေကိုပါ အန္တရာယ်ပေးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တိုက်ကြီးမြို့ နယ်လူသန့်အင်းကျေးရွာ၊ ချင်းကုန်းကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတွေကို ဂျစ်ကားအမည်ရှိ တောဆင်ရိုင်းတကောင်ဝင်ရောက်ခဲ့ပြီး စိုက်ခင်းနဲ့ လူနေအိမ်တွေကို ဖျက်ဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ထပ်မံဝင်ရောက်ခဲ့ပြီး လူနေတဲအိမ် ၆ လုံးကို ထပ်မံဖျက်ဆီးခဲ့လို့ မြိုင်ဟေဝန်ဆင်စခန်းက ဆင်တွေနဲ့ မောင်ထုတ်ခဲ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက ဖောင်ကြီးကျေးရွာအုပ်စု မဟူရာသစ်တောကြိုးဝိုင်း အကွက် အမှတ် (၂၆) မှာ အသက် (၅၂) နှစ်အရွယ် ဦးမြင့်ရွှေဆိုသူ တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးသွားတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013