DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များ ပြန်ခေါ်ရန် အဆင်သင့်ဟု ပြည်ထဲရေးဝန်ကြီးပြော
DVB
·
February 17, 2018
ဒုက္ခသည်များ ပြန်ခေါ်ရန် အဆင်သင့်ဟု ပြည်ထဲရေးဝန်ကြီးပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်ကို ၃ ရက်ကြာခရီးစဉ် ရောက်ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်ခေါ်ဖို့ အဆင်သင့်ပဲလို့ ဘင်္ဂလားဒေ့ရှ် သမ္မတ အဘ်ဒူလ် ဟာမစ်ဒ်ကို ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် အစီရင်ခံစာကို အကောင်အထည်သွားမယ်လို့ မြန်မာပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း အာရ်တီသတင်းဌာနမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်နဲ့ ဒါကာမြို့က ပြည်ထဲရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေအရေး၊ လက်နက်နဲ့မူးယစ်ဆေးဝါး တရားမဝင် မှောင်ခိုကူးတာတွေ ရပ်တန့်ဖို့နဲ့ နယ်စပ်အရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးဖွယ်ရှိတယ်လို့ ဒေးလီးစတားသတင်းမှာ ဖော်ပြထားပါတယ်။

လူကယ်ပြန်ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဘင်္ဂလာဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေရတဲ့အတွက်ကြောင့် အချိန်ကြန့်ကြာနေရတယ်လို့ ပြောကြားထားပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးတွေအပါအဝင် ကုလသမဂ္ဂ လက်အောက်ခံ UN အဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့တို့ မောင်တောကိုသွားရောက်ပြီးအပြန် စစ်တွေလေဆိပ်မှာ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်သြဂုတ်လက ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013