DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင်ဒေသခံများက ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီကို ကျိန်စာတိုက်ဆန္ဒပြ
DVB
·
February 16, 2018
လက်ပံတောင်းတောင်ဒေသခံများက ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီကို ကျိန်စာတိုက်ဆန္ဒပြ
Donate to DVB

 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး ရယူထားခြင်းမရှိသေးတဲ့ လက်ပံတောင်းတောင်ဒေသခံ ၇၀ ဝန်းကျင်က ပုသိမ်-မုံရွာလမ်းဆုံမှာ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပတို့ကို ကျိန်စာတိုက် ဆန္ဒပြပွဲ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

လမ်းဆုံမှာလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက သံဆူးကြိုးတွေနဲ့ပိတ်ထားခဲ့တဲ့အတွက် ဦးပိုင်၊ ဝမ်ပေါင်ကုမ္ပဏီနာမည်တွေရေးထားပြီး အနက်ရောင်ပိတ်စနဲ့ တရုတ်နိုင်ငံအလံတွေလွှမ်းထားတဲ့ အခေါင်း ၂ ခုကို မီးရှို့သင်္ဂြိုလ်မသာချပွဲပြုလုပ်ခဲ့တာပါ။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက "ဒီနေ့က တရုတ်နှစ်သစ်ကူးနေ့ဖြစ်တယ်။ သူတို့ကတော့ ပျော်ပါးစားသောက်လို့ ဒေသခံတွေမှာ မြေယာတွေအသိမ်းခံရတဲ့အတွက် နေ့စဉ် ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရကြရတယ်။ ဒေသခံတွေကြုံတွေ့ခံစားရသလို ဦးပိုင်၊ ဝမ်ပေါင်တို့လည်း တန်ပြန်ခံစားရပါစေလို့ ကျိန်စာတိုက် မသာချရတာဖြစ်တယ်။ တရုတ်တိုင်းကိုလို့ မဆိုလိုဘူး။ ကြေးနီစီမံကိန်းလုပ်နေတဲ့သူတွေကို ရည်ရွယ်ပြီးလုပ်တာပါ"လို့ ပြောပါတယ်။

နှစ်စဉ်တရုတ်နှစ်သစ်ကူးနေ့ရောက်တိုင်း ဒေသခံတွေက အခုလို ကျိန်စာတိုက်တာ၊ ဆန္ဒပြတာ၊ မသာချပွဲလုပ်တာတွေကို ပြုလုပ်လေ့ရှိပြီး ဒေသခံတွေ အခုလို လုပ်တိုင်း ကုမ္ပဏီအတွင်းမှာ တစုံတရာပြဿနာတွေကြုံတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကိုလည်း ငှက်ပျောသီး၊ အုန်းသီး၊ ပန်းစည်းတွေနဲ့ ပစ်ပေါက်ပြီး ကျိန်စာတိုက်ခဲ့ကြပါသေးတယ်။

အစိုးရသစ်တက်လာတာ ၂ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် ဒေသခံတွေရဲ့ အကြိမ်ကြိမ် တောင်းဆိုမှုတွေကို ဖြေရှင်းမပေးနိုင်သေးတဲ့အပေါ်မှာလည်း အားမလိုအားမရမှုတွေ ဖြစ်နေကြပါတယ်။

လက်ပံတောင်းဒေသခံတွေအနေနဲ့ အခုလိုစုပေါင်း ဆန္ဒပြတာက ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ဒေသခံတွေတောင်းဆိုနေတဲ့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ စီမံကိန်းပိုလျှံမြေထဲက အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးအတွက် ပုံစံအမျိုးမျိုးနဲ့တောင်းဆိုသွားမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013