
ပဲစင်းငုံ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငံနီက ပိဿာ ၆၀ တအိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၂,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၄၀၀ ဈေးကွာခြားမှု ရှိပါတယ်။
ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၆,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၉၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၁,၂၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၄,၇၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စီပီပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၁,၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဆန်ပြောင်း
မြင်းခြံကုန်စည်ဒိုင်မှာ ဆန်ပြောင်းက ၅၉.၂၅ ပိဿာဝင် ၁ အိတ်ကို ၄၀,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၉,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်အများဆုံး ထွက်ရှိတဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီ ၁ ပိဿာကို ၇၀၀ ကျပ်ကနေ ၁,၇၀၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၄၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ် ရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











