DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် အမျိုးသမီးတဦးထံမှ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းမိ
DVB
·
February 16, 2018
ရန်ကုန်လေဆိပ်တွင် အမျိုးသမီးတဦးထံမှ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းမိ
Donate to DVB

မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမျိုးသမီးတဦးထံကနေ ရွှေ ၃၅ ကျပ်သား သိမ်းဆည်းမိတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းတည့်လောက်က မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ် Terminal-1 X-Ray စက်မှာ MAI လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်ကို လိုက်ပါမယ့် ခရီးသည် မအိမွန်အောင်ရဲ့ ခရီးဆောင်အိတ်အတွင်းမှ ရွှေလို့ ယူဆရတဲ့ ပုံရိပ်တွေ့ရှိလို့ စစ်ဆေးခဲ့တယ်။

ပိုက်ဆံအိတ်ကိုင်းအတွင်းမှ ပိုက်ဆံအိတ်ကိုင်း ပုံသဏ္ဌာန် ရွှေ ၂၀ ကျပ်သား တွေ့ရှိလို့ ခန္ဓာကိုယ်မှာ ဆက်လက်ရှာဖွေရာ ဦးခေါင်းမှာ တပ်ဆင်ထားတဲ့ ဘီးကုတ်အတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ၁၃ ကျပ်သားလောက် ရွှေပြား ၁ ပြား၊ ယာဘက်လက်မှာ ၂ ကျပ်သားလောက် ရွှေလက်ကောက် ၁ ကွင်း၊ စုစုပေါင်း ရွှေ ၃၅ ကျပ်သားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ မေးမြန်းချက်အရ ရွှေတွေကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ ရောက်ရှိပါက ရတနာဗောဓိကျောင်းမှာ ၇ ရက်လောက် တည်းခို နေထိုင်ကာ ဝယ်လက်ရှာ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။

ရွှေထည်ပစ္စည်းတွေကို လေဆိပ်အကောက်ခွန်ဦးစီးဌာနက တားမြစ်ပစ္စည်းအဖြစ် သိမ်းဆည်းပြီး စတင်သိမ်းဆည်းတဲ့ရက်မှ ၁၄ ရက်အတွင်း ပစ္စည်းပိုင်ရှင်ဟာ အကောက်ခွန်ဦးစီးဌာနရှိ ကာကွယ်ရေးဌာနမှာ တရားဝင် တင်ပို့ခွင့် အထောက်အထား စာရွက်စာတမ်းတွေနဲ့အတူ ထုချေရှင်းလင်းရမယ်၊ စာရွက်စာတမ်းတွေ ကိုက်ညီမှန်ကန်ပါက ပြန်လည်ထုတ်ယူခွင့်ပြုမယ်၊ ပထမအကြိမ် ထုချေဖြေရှင်းခြင်း မရှိပါက ဒုတိယအကြိမ်၊ တတိယအကြိမ် အကြောင်းကြားစာပေးပို့မှာဖြစ်ပြီး လာရောက် ရှင်းလင်းထုတ်ယူခြင်း မရှိပါက ၁၈၇၈ ခုနှစ် ပင်လယ်ကြောင်း အကောက်ခွန်ဥပဒေ ၁၆၇(၈) နဲ့ ၁၉၂၄ ခုနှစ် ကုန်းလမ်း အကောက်ခွန်ဥပဒေ ၇(၁)တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013