DVB Logo
Home
မြန်မာသတင်း
ဆယ်တန်းစာမေးပွဲ ကာလတွင်း အိတ်ဇောပိုက်ဖွင့် မောင်းသည့် ဆိုင်ကယ်များကို အရေးယူမည်
DVB
·
February 16, 2018
ဆယ်တန်းစာမေးပွဲ ကာလတွင်း အိတ်ဇောပိုက်ဖွင့် မောင်းသည့် ဆိုင်ကယ်များကို အရေးယူမည်
Donate to DVB

လာမယ့်မတ်လ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေစဉ်ကာလအတွင်း အိတ်ဇောပိုက်ဖွင့်မောင်းတဲ့ ဆိုင်ကယ်တွေကို အရေးယူသွားမယ်လို့ ကလေးမြို့ ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကလေးမြို့ ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှာ ဒေသခံပြည်သူတွေကို ဖိတ်ကြား ပညာပေးခဲ့တာဖြစ်ပြီး လူမှုကူညီရေးယာဉ်တွေ အနေနဲ့လည်း စာမေးပွဲကာလမှာ အသံမဖွင့်ဘဲ မီးအသုံးပြု မောင်းနှင်ကြဖို့ အသိပေးခဲ့ပါတယ်။

ကလေးမြို့ ယာဉ်ထိန်းတပ်ဖွဲ့က ဒု-ရဲမှူး မောင်မောင်မြင့်က “နာရေးကူညီမှုယာဉ်တွေကို စာမေးပွဲကာလမှာ စည်းကမ်းလိုက်နာကြဖို့နဲ့ အိတ်ဇောပိုက်ဆူ ဆိုင်ကယ်တွေအပါ စာမေးပွဲကာလအတွင်းတင်မက တခြားအချိန်တွေမှာလည်း စည်းကမ်းလိုက်နာဖို့ လိုတယ်။ နာရေးကူညီမှုလုပ်နေတဲ့ ယာဉ်တွေမှာလည်း လိုင်စင်ရှိတာနဲ့ မရှိတာတွေ ရှိတယ်။ ဒါပေမယ့် တစုံတရာ ပြဿနာဖြစ်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမယ်။ အဲဒီအတွက်လည်း ပြဿနာမဖြစ်စေဘဲ စည်းကမ်းတကျ မောင်းနှင်ဖို့ လိုပါတယ်။ ဒါတွေကို ခေါ်ယူ ပြောပြတာ” လို့  ပြောပါတယ်။

သတ်မှတ်စည်းကမ်း မလိုက်နာတဲ့ ယာဉ်တွေကိုလည်း ဥပဒေအရ ဖမ်းဆီးအရေးယူဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကလေးမြို့မှာ နာရေးကူညီမှုအသင်းအဖွဲ့ ၅၀ ကျော်ရှိပြီး နာရေးယာဉ်တွေအနေနဲ့  မတော်တဆ ယာဉ်တိုက်မှုဖြစ်တာနဲ့ တခြားပြဿနာတွေကြောင့် အရေးယူခံရတာတွေကတော့ မရှိသေးပါဘူး။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013