DVB Logo
Home
မြန်မာသတင်း
ပေ့ဂ်ျအတုတွေ ဂျင်းထည့်တာ မခံကြပါနဲ့၊ အွန်လိုင်းပေါ်မှာ အလိမ်ခံရတာ သိပ်များနေပါတယ်- စိုင်းစိုင်းခမ်းလှိုင် (ရုပ်သံ)
DVB
·
February 16, 2018
ပေ့ဂ်ျအတုတွေ ဂျင်းထည့်တာ မခံကြပါနဲ့၊ အွန်လိုင်းပေါ်မှာ အလိမ်ခံရတာ သိပ်များနေပါတယ်- စိုင်းစိုင်းခမ်းလှိုင် (ရုပ်သံ)
Donate to DVB

ဒီကနေ့ အင်တာနက်စာမျက်နှာ အွန်လိုင်းတွေပေါ်ကတဆင့် လိမ်လည်တဲ့ ဖြစ်စဉ်တွေ များလာချိန်မှာ အယောင်ဆောင် ပေ့ဂ်ျအတုတွေကို သတိပြုကြဖို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

သူ့ရဲ့ တရားဝင်အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ နာမည်ဘေးက အပြာရောင် အမှန်ခြစ်လေး ပါတယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ခုလို ရေးသားခဲ့ထားတာပါ။

“ 🔺 Attention Please  🔺 SAISAI အယောင်ဆောင် Page အတုတွေ ဂျင်းထည့်တာ မခံကြပါနဲ့။ Online ပေါ်မှာ အလိမ်ခံရတာ သိပ်များနေပါတယ်။ SAI SAI KHAM LENG Page အစစ်က အပြာရောင် အမှန်ခြစ်လေး ပါတယ်။ သေချာကြည့်ပြီး ချင့်ချိန်ပြီးမှ Share ပါ။”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် သေဆုံးသွားခဲ့ပြီ ဆိုပြီး ပေ့ဂ်ျအတုတွေမှတဆင့် ကောလာဟလတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူကိုယ်တိုင် အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် အချိန် ၁ မိနစ်ကြာ ရုပ်သံဗွီဒီယို ဖိုင်တခုကို တင်ခဲ့ပါတယ်။

ရုပ်သံထဲမှာ သူက “မင်္ဂလာပါခင်ဗျာ။ ကျနော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ကနေပြီးတော့ ဒီနေ့မနက် ကျနော့်ကို နေကောင်းလား၊ ဘာလားဆိုပြီးတော့ မေးနေကြပါတယ်။ သူတို့တွေ ကောလာဟလသတင်းတွေ ဘာတွေများ ရှိလား မသိပါဘူး ခင်ဗျာ။ ကျနော် နေလည်း ကောင်းပါတယ်။ အခု ဒီနေ့ ရန်ကုန်မှာ ကြော်ငြာရိုက်ဖို့ ရိုက်ကွင်းကို ရောက်နေပါပြီ။ အားလုံး မင်္ဂလာပါနော်။ ဘိုင်း ဘိုင်”လို့ ပြောသွားခဲ့တာကို တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဟာ ပရိသတ် ၇ ဒသမ ၇ သန်းကျော်ရှိနေပြီး မြန်မာနိုင်ငံမှ ကျော်ကြားသူတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေထဲမှာ ပရိသတ် အများဆုံး စာမျက်နှာတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013