DVB Logo
Home
မြန်မာသတင်း
စည်ပင်သာယာအဖွဲ့ဟာ စီးပွားရေးလုပ်ရမယ့်အဖွဲ့ မဟုတ်ဟု မင်္ဂလာတောင်ညွန့်အမတ်ပြော
DVB
·
February 16, 2018
စည်ပင်သာယာအဖွဲ့ဟာ စီးပွားရေးလုပ်ရမယ့်အဖွဲ့ မဟုတ်ဟု မင်္ဂလာတောင်ညွန့်အမတ်ပြော
Donate to DVB

စည်ပင်သာယာအဖွဲ့အစည်းဟာ ပြည်သူကို ဝန်ဆောင်မှုပေးရမယ့် အဖွဲ့အစည်းသာဖြစ်ပြီး စီးပွားရေးလုပ်ငန်း လုပ်ရမယ့် အဖွဲ့အစည်း မဟုတ်ဘူးလို့ ရန်ကုန်၊  မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောကြားလိုက်ပါတယ်။

လတ်တလော လွှတ်တော်မှာ တင်သွင်းထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကြမ်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ကော်မတီအဖြစ်ကနေ စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားဖို့ ပါရှိနေတာနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တာပါ။

“စည်ပင်က စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင် ဘယ်က ပိုက်ဆံနဲ့ လုပ်မှာလဲ။ ပြည်သူ့ ပိုက်ဆံတွေနဲ့ လုပ်မယ်ဆိုလို့ရှိရင် ပြဿနာတွေ အများကြီးရှိနိုင်တယ်။ စီးပွားရေးလုပ်တယ် ဆိုကတည်းက ရင်းနှီးမြှုပ်နှံမှုမှာ သုံးစွဲရမယ်။ အဲဒီလိုဆိုရင် ဝန်ဆောင်မှုမှာသုံးစွဲရမယ့် အသုံးစရိတ်တွေ လျော့နည်းသွားမယ်။ နောက် ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့် စည်ပင်သာယာရေးရဲ့ အဓိကလုပ်ငန်းက ပြည်သူက ဝန်ဆောင်ပေးရမယ့် လုပ်ငန်းပဲ။ ဒါကြောင့် စီးပွားရေးလုပ်မယ်ဆိုတဲ့ အချက်ကိုတော့ သဘောမကျဘူး။ ကျနော်တို့ လွှတ်တော်မှာ ပြင်ဆင်ရမယ့် အချက်ထဲမှာ ထည့်ရမှာ”လို့ လွှတ်တော်အမတ် ဦးလှဌေးက ပြောပါတယ်။

ရန်ကုန်မြို့တော်ဝန်ဦး မောင်မောင်စိုးကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကြမ်းဟာ ရန်ကုန်မြို့နေ ပြည်သူလူထုတွေ တိုးတက်မြင့်မားနိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ကော်မတီအဖြစ်ကနေ အခု အစိုးရလက်ထက်မှာ စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။

၁၉၂၂ ခုနှစ် ကိုလိုနီခေတ်က ရန်ကုန်မြူနီစီပယ် အက်ဥပဒေနဲ့ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို အခြေခံပြီး ရေးဆွဲထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရန်ကုန်မြို့တော်ဝန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား လွှတ်တော်ကို ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013