DVB Logo
Home
မြန်မာသတင်း
၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့ဟု ပြည်ထဲရေးထုတ်ပြန်
DVB
·
February 15, 2018
၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့ဟု ပြည်ထဲရေးထုတ်ပြန်
1 / 6
Donate to DVB

၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှုနဲ့ သက်ကြီးမုဒိမ်းမှု စုစုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။



ပြည်ထဲရေးက ၂၀၁၆ -၂၀၁၇ မုဒိမ်းမှုများ ဖြစ်ပွဲခဲ့တဲ့အကြောင်းအရင်း၊ ရှောင်ကြဉ်ရမယ့်အချက်များဆိုပြီး ကြေညာချက်တစောင် ဒီနေ့ထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်ထဲမှာ သက်ငယ်မုဒိမ်းမှုက ၂၂၆ မှု၊ သက်ကြီးမုဒိမ်းမှုက ၇၉ မှု၊ စုစုပေါင်း ၃၀၅ ပိုမိုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။



ပြည်နယ်နဲ့တိုင်း ၁၅ ခုမှာ ၂၀၁၆ ခုနှစ်အတွင်း  အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံရတဲ့ အမှုပေါင်း ၆၇၁ မှု နဲ့ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှု။ ၂၀၁၆ ခုနှစ်မှာ အသက် ၁၆ နှစ်အထက် မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့အမှု စုစုပေါင်း ၄၂၉ မှုနဲ့ ၂၀၁၇ ခုနှစ်မှာ ၅၀၈ မှုတို့ ဖြစ်ပွားခဲ့ပါတယ်။



၂၀၁၆ ခုနှစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မုဒိမ်းမှု စုစုပေါင်း ၁၁၀၀ မှု နဲ့ ၂၀၁၇ ခုနှစ်မှာ ၁၄၀၅ မှု ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း သက်ငယ်/သက်ကြီး မုဒိမ်းမှုအများဆုံး ဖြစ်ပွားတဲ့ တိုင်းဒေသကြီးတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။



မုဒိမ်းမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အသိပညာနည်းပါးမှု၊ အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။



မုဒိမ်းမှုတွေ ပပျောက်ရေးမှာ ရဲတပ်ဖွဲ့တခုတည်းလုပ်ဆောင်လို့မရဘဲ လူမှုရေးအဖွဲ့အစည်းတွေ၊ မိဘ ဆရာတွေ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013