DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်များ​ ပွင့်​လင်း​လူအဖွဲ့​အစည်း​အတွက် ထား​ဝယ်သွား​မည်
DVB
·
May 14, 2012
၈၈ မျိုး​ဆက်များ​ ပွင့်​လင်း​လူအဖွဲ့​အစည်း​အတွက် ထား​ဝယ်သွား​မည်
Donate to DVB

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုမင်း​ကိုနိုင် ဦး​ဆောင်ပြီး​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​စည်း​ ခရီး​စဉ်အတွက် မနက်ဖြန် တနင်္သာရီတိုင်း​ ထား​ဝယ်မြို့​ကို သွား​ရောက်မယ်လို့​ သိရပါတယ်။

ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူအဖွဲ့​အစည်း​ ခရီး​စဉ်အတွက် နိုင်ငံတဝှမ်း​ လှည့်​လည်ပြီး​ လူထု​တွေ့​ဆုံပွဲ​တွေ၊​ ​ဟော​ပြောပွဲ​တွေလုပ်​နေတဲ့​ ကိုမင်း​ကိုနိုင်နဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေက မြန်မာပြည်​တောင်ဘက်စွန်း​က ထား​ဝယ်မြို့​ကို မနက်ဖြန် သွား​ရောက်ဖို့​ စီစဉ်​နေတယ်လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုပြုံး​ချိုက ​ပြောပါတယ်။

“ထား​ဝယ်ကို ၁၅၊​ ၁၆၊​ ၁၇၊​ ၁၈ ရက်​တွေမှာ သွား​မယ်။ ထား​ဝယ်မြို့​လူမှုအဖွဲ့​အစည်း​တွေနဲ့​ ​တွေ့​မယ်။ ​နောက် ထား​ဝယ်မှာရှိတဲ့​ တချို့​ တည်​ဆောက်​နေတဲ့​ လုပ်ငန်း​ပိုင်း​ဆိုင်ရာ ​နေရာ​ဒေသ​တွေကိုလည်း​ ကျ​နော်တို့​နဲ့​ သွား​ကြည့်​ဖို့​လည်း​ ​ဒေသခံ​တွေနဲ့​ စီစဉ်ထား​တာရှိတယ်။ ​ရောက်တဲ့​အခါမှာ လူမှုအဖွဲ့​အစည်း​တွေနဲ့​လည်း​ ​တွေ့​မယ်။ အရပ်ဘက်လူ့​အဖွဲ့​အစည်း​ ပွင့်​လင်း​မှုကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​ ကျ​နော်တို့​ သူတို့​နဲ့​ ​ဆွေး​နွေး​မယ်။ ​ဒေသတွင်း​က လူ​တွေရဲ့​ ​ပြောချင်​နေတဲ့​ဆန္ဒ​တွေ၊​ ဆုံး​ရှုံး​နစ်နာ​နေတဲ့​ ကိစ္စ​တွေကိုလည်း​ ကျ​နော်တို့​ နား​ထောင်မှာပါ။ သူတို့​နဲ့​ တတ်နိုင်သ​လောက် အချိန်ရရင် ရသလို အပြန်အလှန်​ဆွေး​နွေး​တာ​တွေ လုပ်​ဆောင်သွား​ဖို့​လည်း​ ရှိပါတယ်။”

တနင်္သာရီတိုင်း​ဒေသကြီး​ ထား​ဝယ်မြို့​အနီး​ပတ်ဝန်း​ကျင်က တည်​ဆောက်​နေတဲ့​ စက်မှုဇုန်ကိုလည်း​ သွား​ရောက်ဖြစ်မယ်လို့​ ကိုပြုံး​ချိုက ​ပြောပါတယ်။

ထား​ဝယ်ခရီး​စဉ်အတွင်း​မှာလည်း​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​နဲ့​ ပတ်သက်တဲ့​ကိစ္စ​တွေကိုလည်း​ ​ဆွေး​နွေး​သွား​မယ်လို့​ ကိုပြုံး​ချိုက ​ပြောပါတယ်။

“အခုသွား​နေတဲ့​ ခရီး​စဉ်​တွေအား​လုံး​က ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ ​ခေါင်း​စဉ်​အောက်မှာပဲသွား​နေကြတယ်။ ဒါဟာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေ လုပ်​နေတဲ့​ လုပ်ငန်း​စဉ်တ​လျှောက်လုံး​မှာ ဒီမူ​တွေနဲ့​ပဲ ကျ​နော်တို့​ ခရီး​စဉ်​တွေ ဆက်သွား​ဖို့​ ရှိပါတယ်။ အဲ့​ခေါင်း​စဉ်အရ ပတ်သက်တဲ့​ ကိစ္စ​တွေအား​လုံး​ကို ​ဆွေး​နွေး​သွား​မှာ ဖြစ်တယ်။”

၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေဟာ ဇန်နဝါရီ ၁၃ ရက် အကျဉ်း​ထောင်အသီး​သီး​က​နေ လွတ်​မြောက်လာပြီး​ကတည်း​က ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူအဖွဲ့​အစည်း​အတွက် မြန်မာနိုင်ငံက ​ဒေသ​တွေကို သွား​ရောက်ပြီး​ ​ဆွေး​ ​နွေး​ခဲ့​တာပါ။ ပြီး​ခဲ့​တဲ့​ သီတင်း​အပတ်ကုန်ကလည်း​ ဧရာဝတီတိုင်း​ဒေသကြီး​ ပုသိမ်မြို့​ကို သွား​ရောက်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013