DVB Logo
Home
မြန်မာသတင်း
တာမွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်နှင့်  ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိ
DVB
·
February 15, 2018
တာမွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်နှင့်  ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိ
Donate to DVB

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးအနီးရှိ ကမ္ဘောဇဘဏ်ခွဲကို လာရောက်အပ်နှံတဲ့ ငွေတွေထဲကနေ ကျပ်ငွေ ၁၀,၀၀၀ တန်နဲ့   ၅,၀၀၀ တန် ငွေစက္ကူအတုတွေ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်ကနေ ၃၁ ရက်နေ့ထိ  ကမ္ဘောဇဘဏ်ခွဲမှာ လူပေါင်း ၃၂ ဦး လာရောက်အပ်နှံခဲ့တဲ့ ငွေတွေထဲက ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂၇ ရွက်နဲ့ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၈ ရွက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီငွေစက္ကူအတုတွေကို ဘဏ်ခွဲမန်နေဂျာ ဒေါ်သဇင်သင်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တာမွေမြို့မရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013