DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ရိုက်တာသတင်းသမား၂ ဦး PEN America ၏ လွတ်လပ်စွာ ရေးသားခွင့်ဆုရရှိ
DVB
·
February 15, 2018
ဖမ်းဆီးခံ ရိုက်တာသတင်းသမား၂ ဦး PEN America ၏ လွတ်လပ်စွာ ရေးသားခွင့်ဆုရရှိ
Donate to DVB

ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို PEN America အဖွဲ့က ၂၀၁၈ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ဆု (2018 PEN/Barbey Freedom to Write Award) ကို ချီးမြှင့်လိုက်ပါတယ်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့ထံကနေ သတင်းအချက်တွေ တရားမဝင် ရယူလို့ ဆိုပြီး ဒီဇင်ဘာလ ၁၂ ရက်က မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး  အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်တဲ့ ဗြိတိသျှကိုလိုနီခေတ်က ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

PEN America အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဆူဇန်နော့ဆဲလ်က “ဝလုံးနဲ့ ကျော်စိုးဦး တို့ကို ဖမ်းဆီးစွဲချက်တင်ထားတာဟာ မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ မပြည့်ဝတဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အတွက် တိုက်ပွဲဝင်ဖို့ လိုနေတာကို ပြသနေတာပါပဲ။ အကြောက်အရွံ့မရှိ ရဲရင့်တဲ့ သတင်းထောက်တွေကို ခုလို ချီးမြှင့်ခွင့်ရတာကို ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအပေါ် တကမ္ဘာလုံးက စိုးရိမ်ပူပန်နေကြတဲ့အပေါ် ဒါက အားကောင်းတဲ့ အချက်ပြမှုတခု ဖြစ်လာလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်”လို့ ပြောလိုက်ပါတယ်။

ဒီဆုဟာ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်အတွက် ကမ္ဘာတလွှား စွမ်းစွမ်းတမံ ကြိုးပမ်းကြသူတွေကို ပေးအပ်ချီးမြှင့်လေ့ရှိပြီး မြန်မာစာရေးဆရာမ မသီတာ(စမ်းချောင်း)နဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်တဲ့ ဘလော့ဂါ နေဘုန်းလတ်တို့ ရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013