DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် လုပ်အားခအပြည့်ရရေး ဆန္ဒပြ (ရုပ်သံ)
DVB
·
February 15, 2018
မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် လုပ်အားခအပြည့်ရရေး ဆန္ဒပြ (ရုပ်သံ)
Donate to DVB

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ကျောက်မျက်ရတနာ (ကျောက်သွေး လုပ်ငန်း) စက်ရုံတရုံမှာ ဖေဖော်ဝါရီ ၁၄ ရက်က မြန်မာအလုပ်သမားပေါင်း ၁၀၀၀ လောက် လုပ်အားခ အပြည့်အဝရရေးနဲ့ အလုပ်သမားအခွင့်အရေး ရရေးတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

မဲဆောာက်မြို့ တာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းတခိန်းရပ်ကွက်ရှိ ဂိုးလ်ဒင်းဖိုင် ကျောက်သွေးရုံက အလုပ်သမားတွေဟာ ဥပဒေက သတ်မှတ်ထားတဲ့ နေ့တွက်လုပ်အားခ အပြည့်မရတဲ့အပြင် စာရွက်စာတမ်း အထောက်အထားခ ဖြတ်တောက်ခံရတာတွေကြောင့် မနေ့က ဆန္ဒပြခဲ့တာလို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီက မြန်မာအလုပ်သမား ၁၀၀၀ လောက် လုပ်အားခလစာတွေက ဥပဒေအတိုင်း မရတာရယ်၊ သူတို့ရဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး အဖြတ်အတောက်များတာတွေ အဲဒါတွေကို မကျေမနပ်ဖြစ်ပြီးတော့ ဆန္ဒပြတာပေါ့။ ပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ မန်နေဂျာနဲ့ အလုပ်သမားကြား ဆက်ဆံရေးပိုင်း မကျေလည်တာတွေလည်း ရှိတယ်ပေါ့။ အဲလိုနဲ့ တအုံနွေးနွေး ဖြစ်ပြီးတော့ မနေ့က မနက် ၈ နာရီ အလုပ်ဆင်းချိန်မှာ အလုပ်ရပ်ပြီးတော့ ဆန္ဒပြကြတာပေါ့။”

ထိုင်းဥပဒေအရ နေ့တွက်လုပ်အားခ တရက် ၃၀၈ ဘတ် ရရမှာဖြစ်ပေမယ့် အဲဒီ အလုပ်သမားတွေဟာ တရက်ကို ဘတ် ၂၀၀ မှ ၂၆၀ ထိသာ ရကြောင်း၊ အများစုမှာ ၂၃၀ ဘတ်သာ ရကြတာမို့ အလုပ်ရှင်အနေနဲ့  နေ့တွက် ၁ နာရီ ၃၀၈ ဘတ်၊ အချိန်ပို ၁ နာရီ ဘတ် ၆၀ အပြင် ဖြတ်တောက်ခံထားရတဲ့ ငွေတွေအပေါ် ပွင့်လင်းမြင်သာစွာ ရှင်းပြဖို့၊ နားရက်ပေးဖို့၊ နားရက်မှာ အလုပ်ဆင်းရရင် လုပ်အားခပေးဖို့၊ ဆူဆဲကြိမ်းမောင်းတာတွေ မလုပ်ဖို့၊ ကျန်းမာရေးအရ ခွင့်တောင်းရင် လိုလိုလားလား ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြတယ်လို့  သူက ဆက်ပြောပါတယ်။

ဆန္ဒပြရာကို ထိုင်းစစ်တပ်နဲ့ ရဲတွေ၊ အာဏာပိုင်တွေ ရောက်ရှိလာပြီး လောလောဆယ် စက်ရုံပိုင်ရှင် မဲဆောက်မှာ ရှိမနေတဲ့အတွက် လာမယ့် ၂၀ ရက်နေ့ကျရင် ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ တာဝန်ရှိသူတွေနဲ့အတူ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းဖို့  ညှိနှိုင်းပေးသွားတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေဟာ ၃ ရက် ဆက်တိုက် အလုပ်ပျက်ကွက်ရင် အလိုလို ထုတ်ပယ်ခံရမှာမို့ ဒီကနေ့တော့ ပုံမှန် အလုပ်ပြန်ဆင်းနေပြီလို့ ဆိုပါတယ်။

မဲဆောက်မှာ မြန်မာအလုပ်သမားတွေ သိန်းချီ ဝင်ရောက်လုပ်ကိုင်နေပြီး လုပ်အားခ အပြည့်မရတာတော့ အများစုဖြစ်ကြောင်း၊ ဒီကျောက်သွေးစက်ရုံကတော့ လုပ်အားခအပြည့် ရရေးအတွက် ဆန္ဒပြတာ ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးမိုးကြိုးက ဆိုပါတယ်။

ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ထိုင်းသတင်းတွေမှာတော့ အလုပ်သမား ၃၀၀ ကျော် လမ်းမကြီးပေါ်ထွက် ဆန္ဒပြတဲ့အတွက် ယာဉ်ကြောပိတ်မှု ပြဿနာရှိလာတာကြောင့် သူတို့ကို စက်ရုံမှာ ပြန်ပြီးဆန္ဒပြဖို့ တာဝန်ရှိရဲနဲ့ စစ်တပ်က သွားရောက်ပြောဆို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်သံ - ထိုင်းပီဘီအက်စ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013