DVB Logo
Home
မြန်မာသတင်း
“မလိမ်မိုးမလိမ်မာ သွန်သင်ဆုံးမလို့ ရပါတယ်။ ပြည်သူဟာ မိဘလို့ပဲ ခံယူပါတယ်” ရခိုင်ရဲမှူးကြီး (ရုပ်သံ)
DVB
·
February 15, 2018
“မလိမ်မိုးမလိမ်မာ သွန်သင်ဆုံးမလို့ ရပါတယ်။ ပြည်သူဟာ မိဘလို့ပဲ ခံယူပါတယ်” ရခိုင်ရဲမှူးကြီး (ရုပ်သံ)
Donate to DVB

ရခိုင်မှာ ရဲတပ်ဖွဲ့အင်အား ၃၀၀၀ ဝန်းကျင်သာရှိပြီး ရဲတပ်ဖွဲ့ဝင်တဦးက လူဦးရေ ၁ ထောင် ကျော်လောက်ကို စောင့်ရှောက်ကာကွယ်ဖို့ဆိုတာ လက်တွေ့မြေပြင်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ရခိုင်ပြည်နယ် ရဲမှူးကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်တွေမြို့ ပြည်နယ်အရန်ရဲတပ်ဖွဲ့ ကစ္ဆပနဒီခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ နိုင်ငံတော်လုံခြုရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ပုံစံနဲ့ ယူနီဖောင်းများ ဝတ်ဆင်ခြင်း မပြုရန် အသိပေး ရှင်းလင်းတဲ့ အခမ်းအနားမှာ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အခုလို ပြောကြားလိုက်တာပါ။

“ကျနော်တို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နယ်မြေထဲမှာဆိုရင် ၂၉၉၃ ယောက်သာ ရှိပါတယ်။ လူဦးရေ ၃၁ သိန်းကျော် ရှိပါတယ်။ ရဲအချို့နဲ့ ရခိုင်ပြည်သူလူထုအချို့ကို ပြန်ကြည့်ရင် ရဲတပ်ဖွဲ့ဝင်တဦးဟာ ပြည်သူ ၁၀၃၈ ယောက် လုံခြုံရေးတာဝန်ကို ဆောင်ရွက်နေရတယ်။ ဒီမျက်စိနှစ်လုံးပါတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက လူဦးရေ ၁၀၀၀ ကျော်လောက်ကို စောင့်ရှောက် ကာကွယ်ဖို့ဆိုတာကတော့ လက်တွေ့မြေပြင်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”

ဒါ့အပြင် ရဲလုပ်ငန်း တာဝန်တွေဖြစ်တဲ့ ရုံးထုတ်၊ တရားစွဲတင်တာတွေ၊ အချုပ်သား အကျဉ်းသားထောင်ကို ပို့တာတွေ၊ ဘဏ်လုံခြုံရေးတာဝန်တွေ ဆောင်ရွက်ရတာတွေ အအပါအဝင် ရခိုင်အရေးတွေနဲ့ ပတ်သက်လို့ လေဆိပ်ကနေတဆင့် ရောက်ရှိလာတဲ့ သံတမန်တွေ ပြည်ထောင်စုဝန်ကြီးရဲ့ လုံခြုံရေးတွေကိုလည်း ရှိတဲ့အင်အားနဲ့ မလူးသာ မလွန့်သာ အခြေနေမျိုးမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့တွေအနေနဲ့ ရိုင်းပျတာတွေ၊ မှားယွင်းတာတွေ ရှိရင် ကာယကံရှင်တို့ကလည်း တိုင်ကြားဖို့နဲ့ ထိုက်ထိုက်တန်တန် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ရဲမှူးကြီးအောင်မြတ်မိုးက ဆိုပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ ဆက်ဆံမှု၊ ရိုင်းပြမှု ရှိခဲ့ရင် တင်ပြ တိုင်ကြပါ။ လိုအပ်ရင် လိုအပ်သလို ဖော်ထုတ်အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ လူငယ်ပိုင်း မှားယွင်းတာတွေ၊ အပြောအဆို မှားယွင်းတာတွေ၊ ဆက်ဆံမှုအပိုင်း မယဉ်ကျေးတာတွေ ရှိရင် ပြောပါ။ ကျနော် သွန်သင်ပါ့မယ်၊ ဆုံးမပါ့မယ်။ ထိုက်သင့်သလို အရေးယူသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို အပ်နှံပါတယ်။ မလိမ်မိုးမလိမ်မာ သွန်သင်ဆုံးမလို့ ရပါတယ်။ ပြည်သူလူထုဟာ ကျနော်တို့ မိဘလို့ပဲ ခံယူပါတယ်။”

ဒါပေမယ့် ဒေါက်တာအေးမောင်နဲ့ စားရေဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မှာ ရုံးထုတ်တဲ့နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြောက်အမြားနဲ့ စစ်တွေ အပါအဝင် မြို့နယ်နေရာအချို့မှာ နေရာအနှံ့အပြား လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားတဲ့အပေါ် ပြည်သူလူထုကို ပိုမိုအထိတ်တလန့် ဖြစ်စေခဲ့ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

တနိုင်ငံလုံး တိုးချဲ့ဖွဲ့စည်းထားတဲ့ လေကြောင်း ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ ရေနံမြေရဲတပ်ဖွဲ့ အစရှိတဲ့ တပ်ဖွဲ့ကြီးတွေ အပါအဝင် အားလုံးပေါင်းမှ ရဲတပ်ဖွဲ့အင်အား မြန်မာနိုင်ငံမှာ ၈ သောင်းသာ ရှိတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မှုခင်းသတင်းထောက် ယူနီဖောင်းဝတ်စုံဟာလည်း ဥပဒေအရ တရားဝင် သတ်မှတ်ထားတဲ့ဝတ်စုံ မဟုတ်တဲ့အပြင် တပ်မတော်ရဲ့ တပ်ဖွဲ့ တူညီပုံသဏ္ဌာန်ဝတ်စုံ ဝတ်လာမယ်ဆိုပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013