DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် အစိုးရဌာဆိုင်ရာ အရာရှိများ လူ့အခွင့်အရေး ဆွေးနွေး
DVB
·
February 15, 2018
မိတ္ထီလာတွင် အစိုးရဌာဆိုင်ရာ အရာရှိများ လူ့အခွင့်အရေး ဆွေးနွေး
Donate to DVB

အစိုးရဌာနဆိုင်ရာ အရာရှိတွေအတွက်  လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က မိတ္ထီလာမြို့ရှိ ဟိုတယ်ထီလာမှာ ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး ၂ ရက်တာ ပြုလုပ်နေပါတယ်။

မိတ္ထီလာခရိုင်ထဲက အစိုးရဌာနတွေက အရာရှိတွေဟာ လူအခွင့်အရေးဆိုင်ရာတွေကို ထဲထဲဝင်ဝင် သေချာမှတ်သားပြီး မိမိတို့ဌာနတွေမှာ လိုက်နာကျင့်သုံးကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက  အဖွင့်အမှာစကား ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကတော့ “လူအခွင့်အရေးရဲ့ အနှစ်သာရ ၅ ရပ်ရှိတယ်။ ဂုဏ်သိက္ခာ၊ လွတ်လပ်ခြင်း၊ ခွဲခြားမှု မရှိခြင်း၊ တန်းတူညီမျှခြင်း၊  တပါးသူရဲ့အခွင့်အရေးကို လေးစားခြင်းတို့ ဖြစ်တယ်”လို့ ပြောပြဆွေးနွေးပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက “ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေမှာ လူအခွင့်အရေးဆိုတာ သိလား၊ လူ့အခွင့်အရေးကော်မရှင်ကို သိလား မေးရင် မသိဘူးလို့ ဖြေကြတယ်။ သိဖို့ လိုအပ်ပါတယ်။ သိပ်အရေးကြီးပါတယ်။ လူ့အခွင့်အရေး ဆိုတဲ့ Human Rightsကို အဓိပ္ပာယ်ဖွင့်တဲ့အခါ နိုင်ငံတခုနဲ့ တခု မတူကြဘူး။ မိမိနိုင်ငံနဲ့ ဆီလျော် သင့်တော်တဲ့ လူ့အခွင့်အရေးပဲ၊ သိပ်ကျယ်ပြန့်ပါတယ်”လို့ ပြောပါတယ်။

ဒုပညာရေးမှူး ဦးကျော်မြင့်က “လူအခွင့်အရေးကို သိရှိနားလည်ပြီး အခြေခံ လွတ်လပ်ခွင့်တွေအပေါ် လေးစားမှုရှိပြီး ပိုခိုင်မာလာစေဖို့နဲ့ လောကပါလတရား ထွန်းကားပြီး နိုင်ငံသားတိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးတတ်အောင် ဒီအလုပ်ရုံဆွေးနွေးပွဲ လုပ်တာပါ။ အရာရှိတွေက စပြီးကျင့်သုံးမှ တခြားလူတွေလည်း အတုယူ ကျင့်သုံးလာမှာပေါ့"လို့ ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မိတ္ထီလာခရိုင်ထဲက ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားရေး၊ ကျေးလက်ဦးစီး၊ အားကာ၊ ဥပဒေ စတဲ့ ဌာန ၈ ခုက အရာရှိ ‎၅၀ တို့ တက်ရောက် ဆွေးနွေးကြပါတယ်။

‎သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013