DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုများ ကြိုတင်ကာကွယ်​ရန် ပညာ​ပေး
DVB
·
February 15, 2018
သက်ငယ်မုဒိမ်းမှုများ ကြိုတင်ကာကွယ်​ရန် ပညာ​ပေး
1 / 2
Donate to DVB

သက်ငယ်မုဒိမ်းမှုတွေကို ကြိုတင်ကာကွယ်တဲ့ နည်းလမ်း ၃ ခုနဲ့ လျှော့ချနိုင်ဖို့ ပညာ​ပေး​ လုပ်ငန်းတွေ ကရင်ပြည်နယ်ထဲမှာ လုပ်ဆောင်နေတယ်လို့ ဘားအံမြို့၊ လူ့ငယ်ရောင်ခြည်လူ ငယ်အဖွဲ့ ပရိုဂရမ်မန်နေဂျာ မစုထက်လွင်က ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက်က ဘားအံမြို့၊ ကံသာယာခန်းမမှာကျင်းပတဲ့  မြန်​မာနိုင်​ငံ ကလေးများနေ့ အခမ်းအနားမှာ ပြောကြာသွားခဲ့တာပါ။

“သက်ငယ်မုဒိမ်းမှု မဖြစ်ပွားအောင် ကလေးတွေအနေနဲ့ ကာကွယ်မှုအပိုင်းမှာဆိုရင် သူတို့ကို နည်းလမ်း ၃ ခုနဲ့ ကလေးတွေကို ရင်ဘတ်ပိုင်း၊ တင်ပါးပိုင်း အစရှိသဖြင့် ဘယ်လို ကာကွယ်ထားရမယ်။ သူစိမ်းတွေကို ပေးမထိရအောင် ကျမတို့ သင်ကြားပေးတယ်။ ကလေးအတွက် လုံခြုံအောင်၊ ဒီလိုမဖြစ်ရအောင် ကိုယ်က ကြိုတင်ပြီးတော့ အခြေအနေကို အစွန်းရောက်တဲ့အထိ မဖြစ်ခင်ကတည်းက ကာကွယ်ပြီး သုံးသပ်တတ်မှသာလျှင် သက်ငယ်မုဒိမ်းမှုကို လျှော့ချနိုင်မှာ ဖြစ်​တယ်”

လိင်ပညာပေး Sex Education နဲ့ ပတ်သက်ပြီး ပညာပေး​တာတွေ လိုအပ်သလို မိဘတွေက မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ကိုယ့်သားသမီးကို ဆုံးမဖို့ လိုတယ်လို့ ဘားအံမြို့၊ အမှတ် ၄ ရပ် ကွက် ကမ်းနားလမ်း၊ နန်းသူသူထက်က ပြောပါတယ်။

“ကလေးတွေ အကုန်လုံး၊ မိဘတွေ အကုန်လုံးကို Sex Education နဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းမွန်မွန်ပို့ ချနိုင်တဲ့ သင်တန်းတွေ ပညာပေးတာတွေကို ဖြစ်စေချင်ပါတယ်။ ဒါက ကျမ ထင်တာတော့ ကျမတို့ ပြည်သူတွေက အသိဉာဏ်ပညာ မကျယ်ပြန့်သေးဘူး။ စာတွေများများ ဖတ်ဖို့ လိုတယ်။ နိုင်ငံတကာမှာ ဘာတွေဖြစ်နေလဲ သိဖို့လိုတယ်။ မိဘတယောက်အနေနဲ့ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ကိုယ့်သားသမီးကို ဆုံးမနိုင်ဖို့ လိုတယ်”လို့ ပြောပါတယ်။

ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ခေတ်နဲ့လျော်ညီတဲ့ ဥပဒေ နည်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေတာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီလို့ တာဝန်ရှိသူက ပြောပါတယ်။

အခမ်းအနားမှာ Royal Ruby က အာဟာရ ကျွေးမွေးရခြင်း အကြောင်း၊ လူ့ငယ်ရောင်ခြည် လူငယ်အဖွဲ့က ကလေးသူငယ်ဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း အကြောင်း​တွေနဲ့ သက်ငယ်မုဒိမ်းမှုကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေ အသိပညာပေး ဟောပြောခဲ့ပါတယ်။

မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးတွေက တေးသီချင်း၊ ပြဇာတ်တွေနဲ့ ဖျော်ဖြေပြီး၊ ပုံပြင်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေမှာ ဆုရရှိတဲ့ ကလေးငယ်​တွေကို ဆုချီးမြှင့်ကာ အမှတ်တရ လက်ဆောင်တွေ ပေးခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013