DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မကျင့်ခံရပြီး သေဆုံး
DVB
·
February 14, 2018
မတ္တရာမြို့နယ်တွင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မကျင့်ခံရပြီး သေဆုံး
Donate to DVB

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မကျင့်ခံရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ မတ္တရာမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်က မတ္တရာမြို့နယ် ရေချောင်းဘိုရွာမှာ ဖြစ်ခဲ့တာပါ။

မြွေကူတို့ဆိပ်ရွာနေ ကိုလှိုင်ဇင်မြင့်နဲ့ ဇနီး၊ သမီးဖြစ်သူတို့ဟာ အဲဒီနေ့ မနက်ပိုင်းက ဝန်စုရွာကို ရောက်ပြီး ရွာထဲက အိမ်တအိမ်မှာ သမီးကို အပ်ခဲ့ကာ အနားက တောတန်းမှာ ထင်းသွားခုတ်နေခဲ့ပါတယ်။

မနက် ၉ နာရီခွဲအချိန်မှာ ရွာမှာနေထိုင်တဲ့ သေဆုံးသွားတဲ့ မိန်းကလေးရဲ့ အဖိုးတော်သူဆီကို ကလေးပျောက်နေတဲ့ အကြောင်း အသိပေးလာလို့ ရွာသားတွေနဲ့အတူ လိုက်ရှာဖွေခဲ့ပါတယ်။

ရွာသားတွေက လိုက်လံရှာဖွေရာမှာ ရေချောင်းဘိုရွာနားက ငှက်ပျောစိုက်ခင်းနားမှာ အသက် ၂၅ နှစ်အရွယ်၊ ဝန်စုရွာသား ဖြိုးထက်အောင်က ကလေးငယ်ကို အဓမ္မကျင့်ကြံနေတာကိုတွေ့လို့ အော်ဟစ်ရာမှာ ဖြိုးထက်အောင် ထွက်ပြေးသွားပါတယ်။

မတ္တရာမြို့နယ် ရဲမှူးရုံးက ရဲအုပ် မျိုးတင့်က “ကလေးကို မတ္တရာဆေးရုံကိုပို့တယ်။ နာရီဝက် အကြာမှာပဲ သေသွားတော့ မန္တလေးဆေးရုံကြီးကိုပို့ပြီး ခွဲစိတ်တယ်။ ဆရာဝန်ရဲ့ မှတ်ချက်က အသက်ရှူလမ်းကြောင်းပိတ်ဆို့တာလို့ ပြောတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူကိုလည်း ဖမ်းမိထားပြီး ရေနံ့သာနယ်မြေစခန်းမှာ မုဒိမ်းမှုနဲ့ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013