DVB Logo
Home
မြန်မာသတင်း
အစိုးရအဆိုပြုအနည်းဆုံးအခကြေးငွေ အလုပ်ရှင်ရော အလုပ်သမားပါကန့်ကွက်ထား
DVB
·
February 14, 2018
အစိုးရအဆိုပြုအနည်းဆုံးအခကြေးငွေ အလုပ်ရှင်ရော အလုပ်သမားပါကန့်ကွက်ထား
Donate to DVB

 

အစိုးရကအဆိုပြုထားတဲ့ တရက်အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းထားကို အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက် ကန့်ကွက်ထားတာ ရာဂဏန်းရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကဖြေကြားခဲ့တာပါ။

“လုပ်ငန်းရှင်တွေကလည်း ၄၀၀၀ လောက်ပဲပေးနိုင်တယ်။ ပိုမပေးနိုင်ပါဘူး။ သူတို့ အခက်အခဲရှိပါတယ်လို့ တော်တော်များများ ကန့်ကွက်ကြပါတယ်။ အထူးသဖြင့် အထည်ချုပ် စက်ရုံတွေပေါ့။ ရှေ့လလောက်ဆိုရင် သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်ပြီဖြစ်တဲ့အတွက် ဒီမှာတော့ တခုခုကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကန့်ကွက်တာများတယ်။ အလုပ်သမား ဘက်ကလည်း များတယ်၊ အလုပ်ရှင်ဘက်ကလည်း များပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမှာ များကြတာပေါ့၊ ရာကျော်တယ် ရာကျော်တယ် ရာကျော်ရှိပါတယ်”

ဒီဇင်ဘာလ ၂၉ ရက်နေ့က အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ စတုတ္တအကြိမ် ညှိနှိုင်းအစည်းအဝေးကနေ အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ နှုန်း သတ်မှတ်လိုက်ပြီး ဒီနှုန်းထားကို မကျေနပ်ရင် ရက်ပေါင်း ၆၀ ကန့်ကွက်နိုင်တယ်လို့ ဆုံးဖြတ် ထားတာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်ချက်ဟာ အလုပ်သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေနဲ့ မိသားစုတပိုင်တနိုင်လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013