DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 14, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၅၈,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၆,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ၁၃,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၄၆၁,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၆၇၀ ကျပ် ရှိပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှ ၁ ပိဿာကို ၁,၅၆၅ ကျပ်ကနေ ၂,၁၇၅ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၆၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းက ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁,၉၀၀ ကျပ်ကနေ ၁,၉၅၀ ကျပ် ရှိပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၄၃၀ ကျပ်ကနေ ၂,၅၂၅ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ငရုတ်ပွ
ငရုတ်ပွ(ဆင်ဖြူကျွန်း)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၂၀,၀၀၀ ကျပ်ကနေ ၁၃,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ထန်းလျက်
ထန်းလျက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ် ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီကတော့ ရန်ကုန် ဝယ်လက်တွေက အဝယ်လိုက်တဲ့အတွက် နယ်ကုန်စည်ဒိုင်တွေမှာပါ ဈေးက တက်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံ အထွက်နည်းတဲ့အတွက် ဈေးကျဆင်းနေတဲ့အချိန် ကုန်သည်တွေ အများအပြား ဝယ်ကြတဲ့အတွက် ဝယ်လိုအား မြင့်တက်ပြီး မြန်မာပဲစင်းငုံနီတွေက ဈေးတက်နေတဲ့ အခြေအနေ ရှိပါတယ်။

ပဲစင်းငုံက ရန်ကုန်ဈေးကွက်မှာ သုံးရက်အတွင်း ၁ တန်ကို ၂၅,၀၀၀ ကျပ်ကျော် ဈေးတက်လာခဲ့ပါတယ်။

မတ်ပဲကတော့ ပဲစင်းငုံလောက် ဈေးအရမ်းမတက်ပေမယ့် တဖြည်းဖြည်း တက်နေပါတယ်။ ပုံမှန် အရောင်းအဝယ် သွက်နေပြီး အိန္ဒိယနိုင်ငံကလည်း အဝယ်သွက်တဲ့အတွက် ဈေးက အနည်းငယ် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013