DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် အခွန်အများဆုံး ထမ်းဆောင်သူစာရင်း ထုတ်ပြန်
DVB
·
February 14, 2018
ကရင်ပြည်နယ်တွင် အခွန်အများဆုံး ထမ်းဆောင်သူစာရင်း ထုတ်ပြန်
Donate to DVB

ကရင်ပြည်နယ်မှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်  အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅၀ ရဲ့ စာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက  ထုတ်ပြန်ပါတယ်။

ပြည်နယ်ထဲ ဝင်ငွေခွန်အများဆုံးပေးဆောင်တဲ့ လုပ်ငန်းရှင်တွေထဲမှာ အိမ်၊ ခြံမြေ၊ တိုက်ခန်းရောင်းဝယ်တဲ့ ဦးဇော်ဝင်းထွန်း၊ ကေသီထရိတ်ဒင်းနဲ့ ဒေါနဟော့ကုမ္ပဏီတို့ဖြစ်တယ်လို့ ဖော်ပြထားပြီး ပမာဏ ဘယ်လောက် အခွန်ဆောင်တယ်ဆိုတာကိုတော့ မဖော်ပြပါဘူး။

ဒါ့အပြင် ဘားအံမြို့မဈေးရဲ့ ရေလောင်းအိမ်သာနဲ့ မြို့ဝင်ကြေး ကောက်ခံခွင့်ရသူတွေနဲ့ မြဝတီမြို့က လမ်း၊ တံတားကြေး လိုင်စင်ရထားသူတွေလည်း  အခွန်အများဆုံးဆောင်သူ ၅၀ စာရင်းမှာပါဝင်ပါတယ်။

အလားတူ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူစာရင်းမှာတော့ ဒေါနဟော့ ကုမ္ပဏီလီမိတက်က အများဆုံး ပေးဆောင်ထားပြီး ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်း ၇ ခု၊ ကေတီဗွီနဲ့ စားသောက်ဆိုင်လုပ်ငန်းက ၃ ခု တို့လည်း ပါဝင်ပါတယ်။

အခွန်အမျိုးအစားအလိုက် အများဆုံး ပေးဆောင်တာ၊ အပြေအကျေ ပေးတာ၊ ဝင်ငွေ ကြေညာလွှာတွေကို အချိန်မီတင်သွင်းတာနဲ့ နှစ်အဆက်ဆက် စည်းကြပ် ကောက်ခံတဲ့ အခွန်တွေအားလုံးကို ကြွေးကျန်မရှိပေးဆောင်ခဲ့တာ စတဲ့ အချက်တွေကို စိစစ်ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ဒီမတိုင်ခင်ကတော့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် အများဆုံး ပေးဆောင်တဲ့ မြန်မာကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီနဲ့ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းတွေကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013