DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နေ့ ဘောလုံးပွဲ ကျင်းပသဖြင့် ဖမ်းဆီးခံရသူ ၁ ဦး ပြန်လွတ်
DVB
·
February 14, 2018
ရက္ခိုင့်တပ်မတော်နေ့ ဘောလုံးပွဲ ကျင်းပသဖြင့် ဖမ်းဆီးခံရသူ ၁ ဦး ပြန်လွတ်
Donate to DVB

မတရားသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)(၂)နဲ့ တရားစွဲဆိုခံထားရတဲ့ ပရဟိတသမား ကိုအမ်းသားကြီး (ခေါ်) ကိုသန်းရွှေကို မြောက်ဦးမြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ ဒီကနေ့ ပြန်လွှတ်လိုက်ပါတယ်။

ကိုအမ်းသားကြီးကို ဖမ်းဆီးထားတာဟာ တရားဥပဒေနဲ့မညီတာကြောင့် စွဲချက်မတင်ဘဲ ပြန်လွှတ်လိုက်တာလို့ သူ့ရဲ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးထွန်းလှက ဒီဗွီဘီကိုပြောပါတယ်။

“သူ့ကိုဖမ်းတဲ့ကိစ္စထဲမှာ မြတန်ဆောင်ဆရာတော့ ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို အဲ့ဒီ အမှုနဲ့ ပတ်သက်ပြီးသူ့ကို ဖမ်းတာပေါ့နော်။ ပထမသတင်းပေးတိုင်ချက်မှာကိုက အမ်းသားကြီး မပါဘူး။ သူ့ကို တိုင်ထားတာ မရှိဘူး။ ပထမဦးနန္ဒသာရကို တရားစွဲဆိုထားတဲ့ အမှုနဲ့ တရားစွဲ လိုက်တယ်။ စွဲလိုက်တော့ ကျနော်တို့က သက်သေတွေကို စစ်ဆေးတဲ့ အချိန်မှာ ကိုအမ်းသားကြီးနဲ့ ဦးနန္ဒာသာရတို့ဟာ ပူပေါင်းပြီး ကျူးလွန်တယ်ဆိုတာ သက်သေမရှိဘူး၊ မပေါ်လွန်ဘူး။ ဒါကြောင့် စွဲဆိုချက်မတင်ဘဲ ကိုအမ်းသားကြီးကို လွှတ်ပေးလိုက်တာ”လို့ ပြောပါတယ်။

ကိုအမ်းသားကြီးဟာ သင်္ဂါဟကမ်းလက်ရက္ခိတအသင်း ဥက္ကဋ္ဌတာဝန်ယူထားသူတဦး ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ လူမှုရေးနဲ့ ပတ်သက်လို့ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိသမားတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပတာကြောင့် မတရား အသင်းအက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး မြောက်ဦး ခမရ-၅၄၀က ဗိုလ်မှူး ဦးဝင်ကျော်က တရားလိုလုပ် တရားစွဲထားခဲ့တာပါ။

ကိုအမ်းသားကြီးအမှုအတွက် ဒီကနေ့ မြောက်ဦးမြို့နယ် တရားရုံးမှာ ၁၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အချိန် ၄ လကျော် ကြာမြင့်ချိန်မှ  ပြန်လွတ်လာတာဖြစ်ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013