DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲ တလအတွင်းရပ်ရန် ယူအန်အက်ဖ်စီ တောင်းဆို
DVB
·
May 14, 2012
ကချင်စစ်ပွဲ တလအတွင်းရပ်ရန် ယူအန်အက်ဖ်စီ တောင်းဆို
Donate to DVB

ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်မှုတွေကို လာမယ့် ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး ရပ်ဆိုင်းပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က အစိုးရကို တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_25359" align="alignright" width="300" caption="နိုင်ဟံသာ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ကချင်ပြည်နယ်နဲ့   ရှမ်းပြည်နယ်မြောက် ပိုင်း မှာ  မြန်မာအစိုးရ တပ်တွေက  အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အပေါ် ယူအန်အက်ဖ်စီက သဘောထား ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပြီး ဒီထိုးစစ်တွေကို တလအကြာ လာမယ့် ဇွန်လ ၁၀ ရက် နောက်ဆုံးထား ရပ်တန့်ပေးဖို့ အစိုးရကို တောင်းဆို လိုက် တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ထိုးစစ်ကို မရပ်ဘူး ဆိုရင် အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ ယူအန်အက်စီ အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အနေနဲ့ အပစ်အခတ်ရပ်ရေး သဘောတူညီချက် ကို ပြန်လည် သုံးသပ်သွားမယ်လို့ ယူအန်အက်ဖ်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဒီထိုးစစ်ဆင်မှု မရပ်တန့်ရင် နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားမှု ကို ပြန်လည်သုံးသပ် စောင့်ကြည့်ဖို့လိုတယ်လို့ ယူအန်အက်စီရဲ့ ပြောခွင့်ရသူ နိုင်ဟံသာ က ပြောပါတယ်။

“အစိုးရဘက်က အပြောင်းအလဲလုပ်တာဟာ နိုင်ငံတကာရဲ့စာနာမှု၊ နိုင်ငံတကာရဲ့ထောက်ခံမှု၊ ပိတ်ဆို့မှုတွေကို ဖွင့်ပေးဖို့ဆိုတဲ့ ဦးတည်ချက်နဲ့လုပ်နေတာက ပိုပြီး အဓိကကျနေတယ်လို့ ကျနော်တိြု့ မင်တယ်။ နိုင်ငံတကာကလည်း ဒါကိုမြင်ဖို့၊ တချို့နိုင်ငံတွေက အခုဆိုရင် အဲ့ဒါတွေကို ရေရှည်မကြည့်ဘဲနဲ့ ပိတ်ဆို့ဒဏ်ခတ်တာတွေကို ဖွင့်ပေးတယ်။ ရပ်တန့်လိုက်တယ် ဆိုတာတွေ ရှိလာနေတော့ ဒါတွေက အချိန်မတိုင်သေးဘူးလို့ ကျနော်တို့က ဒါတွေကို ထောက်ပြချင်တယ်။”

အခုလို မြန်မာအစိုးရက ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတာဟာ  တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေနဲ့လည်း  ဆက်နွှယ်နေတယ်လို့ နိုင်ဟံသာက ထောက်ပြပါတယ်။

“ထိုးစစ်ဆင်တဲ့ကိစ္စက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကူအညီပေးတဲ့ကိစ္စပဲ။ အဲ့ဒီဒေသမှာ အခု ဂတ်စ်ပိုက်လိုင်းတို့၊ ရေနံပိုက်လိုင်းတို့ ဟိုက်ဒရိုပါဝါစက်ရုံကြီးတွေ ဆောက်လုပ်ဖို့ဆိုတဲ့ အစီအစဉ်တွေအတွက်ကို ထိုးစစ်ဆင်နေတယ်လို့ ဦးလေးတို့မြင်တယ်။ အဲ့တော့ နိုင်ငံတကာ၊ နိုင်ငံခြားအကျိုးကျေးဇူးအတွက် ကျနော်တို့နိုင်ငံမှာ မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်သင့်ဘူး။ ကနေ့ဆိုရင် ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေရတာဟာ မကောင်းတဲ့လက္ခဏာပဲလို့ မြင်တယ်။”

ယူအန်အက်ဖ်စီဟာ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နေတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့နဲ့  မဟာမိတ် ၆ ဖွဲ့တို့နဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013