DVB Logo
Home
မြန်မာသတင်း
ဟင်္သာတဗုံးခွဲမှု သံသယရှိသူတဦးကို ဖမ်းထားဟုဆို
DVB
·
May 14, 2012
Donate to DVB

မတ်လဆန်းပိုင်းက ဟင်္သာတမြို့မှာ ဗုံးဖောက်ခွဲခဲ့တဲ့ တရားခံလို့ ယူဆရသူတဦးကို ဖမ်းမိပြီလို့ ဟင်္သာတ ရဲသတင်း တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးအမှုနဲ့ ဖမ်းထားသူတဦးကို လက်ထိတ်ခတ်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေ ဟင်္သာတမြို့က ၅ မျက်နှာဘုရားအနီး မှာ လျှို့ဝှက်သိမ်းထားတဲ့ ဗုံးကို မနေ့က သွားဖော်တယ်လို့ မျက်မြင်တဦးကို ကိုးကားပြီး အဲဒီမြို့ခံ က ပြောပါတယ်။

“လက်ထိတ်ခတ် ခေါ်လာပြီးတော့ တိုင်းတပ်ဖွဲ့မှူး  ဦးမျိုးသန့်၊ ဦးကိုကိုဦးတို့က ခရိုင်ရုံးမှာ သူတို့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အစည်းအဝေးသဘောမျိုး လုပ်တယ်။ ပြီးတော့ သူတို့ လုံခြုံရေး ခေါ်လာ တယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ကို လုံခြုံရေးတွေ အရင်လောက်မယူဘဲနဲ့  ၅ မျက်နှာဘုရား ပရ၀ဏ်နားက ဓမ္မဗိမာန်ဓမ္မာရုံမှာ (ကျောင်းရဲ့ သာမှုနာမှုတွေ အခမ်းအနားလုပ်တဲ့နေရာ) အဲဒီနေရာက အိမ်သာလေးလုံးတွဲရဲ့ နောက်မှာ ဗုံးကို ၀ှက်ထားလို့ သူက လာဖြောင့်ချက်ပေးပြီး လာဖော်တယ် ဗျာ။ မြင်ခဲ့ရတဲ့ မျက်မြင်သက်သေ အဖိုးကြီးတွေ ပြောပြတာတော့ သူတို့လည်း ဗုံးဆိုတော့ သွားမကြည့်ဝံ့ဘူးတဲ့။ သွားကြည့်ရင်လည်း လက်ခံချင်မှလက်ခံမှာဆိုတော့ သူတို့နေတဲ့နေရာကနေ ကိုက် ၅၀ လောက် အကွာကနေ မြင်ရတာတော့ တရားခံတွေကို နေ့တွင်းချင်းပဲ ပုသိမ်ကို ပြန်ခေါ်သွား တယ်။”

ဒီိကိစ္စနဲ့ ပတ်သက်လို့ ဟင်္သာမြို့ အမှတ် ၁ ရဲစခန်းတာဝန်မှူးက ဗုံးအမှုနဲ့ ဖမ်းထားသူကို မနေ့က ဟင်္သာတကို ဖမ်းခေါ်လာတဲ့အကြောင်း အတည်ပြုပေမယ့် အသေးစိတ်တော့ မသိဘူးလို့ ပြောပါတယ်။

ဟင်္သာတမြို့ခံတွေကြားမှာတော့ အခုဖမ်းလာသူကို ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဖမ်းမိပြီးနောက် ထိုင်းရဲတပ်ဖွဲ့ဝင်တွေက မြန်မာဘက်ခြမ်းကို လွှဲပေးခဲ့တာလို့ ပြောဆိုနေကြပါတယ်။

မတ်လဆန်းပိုင်းက ဧရာဝတီတိုင်း ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်မှာရှိတဲ့  မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း မှာ ဗုံးပေါက်မှုကြောင့် အသေအပျောက် မရှိခဲ့ပေမယ့် ဗုံးတရားခံလို့ သံသယရှိသူ မြို့ခံ တချို့ကို ရဲက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

တချို့ကို နောက်ပိုင်းပြန်လွှတ်ပေးခဲ့ပေမယ့် အနည်းဆုံးတဦးကတော့ အခုအချိန်အထိ ဖမ်းဆီးစစ်ဆေး ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013