DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင် လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလမ်း ဖြတ်တောက်ရန် ကာချုပ်ပြော
DVB
·
February 14, 2018
လက်နက်ကိုင် လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလမ်း ဖြတ်တောက်ရန် ကာချုပ်ပြော
Donate to DVB

လက်နက်ကိုင် လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလမ်းကို ဖြတ်တောက်ပစ်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေးနိုင်တဲ့ တခုတည်းသောအရာဟာ အန်စီအေစာချုပ် ဖြစ်တယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပတဲ့  မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောသွားတာပါ။

“ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့ လိုအင်ဆန္ဒများကို တောင်းဆို၍ မရကြောင်း နားလည်သဘောပေါက်ပြီး နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါး လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလမ်းကို ဖြတ်တောက်ပစ်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေးနိုင်တဲ့ တခုတည်းသော အရာကလည်း NCA စာချုပ်ပဲ ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။”

ဒ့ါအပြင် အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ထိုးတာဟာ  အစိုးရနဲ့ တပ်မတော်အပေါ် အလျှော့ပေးတာ မဟုတ်သလို လက်နက်ချခိုင်းတာလည်း မဟုတ်ဘူးလို့ တပ်မတော် အကြီးအကဲက ပြောပါတယ်။

“အချို့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့မှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဟာ လက်နက် ချခိုင်းတယ်ဆိုတဲ့ မှားယွင်းစွာ မှတ်ယူကြမှုတွေ၊ သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ ဖြစ်ပေါ်နေကြတာကို ကျနော်တို့ တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် အန်စီအေကို လက်မှတ်ရေးထိုးခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ အစိုးရနဲ့ တပ်မတော်အပေါ် အလျှော့ပေးခြင်း မဟုတ်ဆိုတဲ့ အယူအဆရှိသူတွေ၊ ပုဂ္ဂိုလ်ရေး ခံစားချက်ရှိသူ အချို့လည်း တွေ့ရှိရပါတယ်။ ဒီသံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ အဖွဲ့ဝင်များအနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြောလိုပါတယ်။”

အန်စီအေစာချုပ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆)ရပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်စေဖို့ လမ်းခင်းပေးထားတာ ဖြစ်လို့ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းသွားပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013