DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများပြီး ဓားထိုးမှုဖြစ်
DVB
·
February 14, 2018
ရွှေကျင်မြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများပြီး ဓားထိုးမှုဖြစ်
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီခွဲလောက်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရန်ဖြစ်ကြရာက ဓားထိုးမှုဖြစ်ပွားခဲ့ပါတယ်။

ရွှေကျင်မြို့နယ် ဒုံဇရစ်ရဲစခန်းဝန်းရှိ လူပျိုဆောင်မှာ ရဲတပ်သားသန့်ဇင် ကင်း တာဝန်ပြီးဆုံးပြီး အနားယူနေစဉ် ရဲတပ်သား အောင်မျိုးသူ အရက်သေစာ သောက်စား မူးယစ်ရောက်ရှိလာပြီး စကားများရန်ဖြစ်ရာက အရိုး/အသွား ၉ လက်မလောက်ရှိတဲ့ ကြက်သွန်လှီးဓားနဲ့ ထိုးခဲ့တာလို့ ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။

ဓားထိုးမှုကြောင့် ရဲတပ်သားသန့်ဇင်ရဲ့ ညာဘက်လက်ပြင်မှာ ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိကာ ရွှေကျင်မြို့ကုတင် ၁၀၀ ဆေးရုံခွဲစိတ်ဆောင် ကုတင်အမှတ် ၂ မှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆေးကုသခံယူခဲ့ပြီး လူနာမှာ ထပ်မံစိုးရိမ်လာရတဲ့အတွက် ရွှေကျင်ဆေးရုံမှ တဆင့် ပဲခူးဆေးရုံကြီးသို့ ညနေပိုင်းမှာ လွှဲပြောင်းကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချမ်းမြေ့ထွန်းက “ကျနော်တို့ အခုလက်ရှိဖြစ်စဉ်ကို ခရိုင်ကို တင်ထားပါတယ်။ အခုလက်ရှိ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်ကို အရင်ဦးစားပေး ဆေးကုသနေတုန်း ပါခင်ဗျ။ အရေးယူဆောင်ရွက်ဖို့ လုပ်နေပါတယ်။ အထက်ကို တင်ပြထားပါတယ်။ ညွှန်ကြားချက် ရရင်တော့ အသိပေးပါမယ်။ ဘာလို့လည်းဆိုတော့ ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်ကို ကျနော်တို့ နည်းနည်းလေး စိတ်ပူနေရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေကျင်မြို့မရဲစခန်းက ရဲတပ်သား အောင်မျိုးသူကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013