DVB Logo
Home
မြန်မာသတင်း
ပရီမီယာ ကော်ဖီမစ်စက်ရုံ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ
DVB
·
February 14, 2018
ပရီမီယာ ကော်ဖီမစ်စက်ရုံ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ
Donate to DVB

ရန်ကုန် လှိုင်သာယာစက်မှုဇုန်ရှိ ပရီမီယာကော်ဖီမစ်စက်ရုံက အလုပ်သမား ၇၀၀ ကျော်ဟာ အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် ဖေဖော်ဝါရီ ၁၃ရက်နေ့က စက်ရုံရှေ့မှာ စုပေါင်းဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် EC စာချုပ်ပါ အချက်အလက်တွေ ချိုးဖောက်ခံနေရတဲ့အပြင် အလုပ်သမားတွေ ရသင့်တဲ့ အခြေခံ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကြောင့် ဆန္ဒပြနေကြတာလို့ အလုပ်သမားခေါင်းဆောင်တဦးဖြစ်သူ ကိုစိုင်းညီညီက ပြောပါတယ်။

“ကျနော်တို့ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီစာချုပ်ပါ အချက်အလက်တွေလည်း ချိုးဖောက်ခံနေရတယ်။ လုပ်ငန်းခွင်မှာ ကျန်းမာရေးဆေးဝါး အလုံအလောက် မရတာတွေ၊ သောက်သုံးရေ အခက်အခဲ ဖြစ်နေတာတွေ၊  ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်ကိုင်ရည်ပေါ် မူတည်ပြီး ခံစားခွင့် အခွင့်အရေးတွေက မရရှိတာကြောင့် ဒီအခွင့်အရေးတွေ ရဖို့ တောင်းဆိုတာပါ”

အလုပ်သမားတွေ တောင်းဆိုတဲ့ အချက် ၁၄ ချက်ကိုတော့ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေဟာ  မနေ့ ညနေပိုင်း လှိုင်သာယာရှိ အလုပ်ရှင် အလုပ်သမား ဖျန်ဖြေရေးရုံးမှာ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။

ဒါ့ကြောင့် အလုပ်သမားတွေဘက်ကတော့ တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။  

ပရီမီယာ ကော်ဖီမစ်စက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မခင်မမက “အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေ ပြောတာကတော့ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်ပြီးမှ တောင်းဆိုမှုတွေကို ဆက်ဆွေးနွေးမယ် ပြောတယ်။ ကျမတို့ဘက်ကတော့ တောင်းဆိုမှုတွေ ရမှ လုပ်ငန်းခွင် ပြန်ဝင်နိုင်မယ်”လို့ ပြောပါတယ်။

လှိုင်သာယာရှိ ပရီမီယာကော်ဖီမစ်စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး ၇၀၀ ကျော်လောက်က ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

တောင်းဆိုချက်တွေ ရရှိဖို့အတွက် အလုပ်ရှင်နဲ့ ဆက်လက်ညှိနှိုင်းမှုတွေ လုပ်ဖို့ကိုတော့ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ  ၂ နာရီမှာ ပြန်လည်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013