DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနယ်က ယောဓလေ့လှည်းယာဉ်ကြော့ပြိုင်ပွဲ (ရုပ်သံ)
DVB
·
February 13, 2018
ဂန့်ဂေါနယ်က  ယောဓလေ့လှည်းယာဉ်ကြော့ပြိုင်ပွဲ (ရုပ်သံ)
1 / 2
Donate to DVB

၁၀၃ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာမှာ  နွားချစ်မြတ်နိုးသူတောင်သူတွေနဲ့  ရပ်/ကျေး အန်အယ်လ်ဒီတို့ ပူးပေါင်းပြီး နွားအလှပြိုင်ပွဲနဲ့ လှည်းယာဉ်ကြော့ပြိုင်ပွဲ ကျင်းပပါတယ်။

ပြိုင်ပွဲစီစဉ်သူ ကိုပေါ်လွင်ဦးက “တိမ်မြုပ်ပျောက်ကွယ်လုနီးဖြစ်နေတဲ့ ယောဓလေ့ နွားအလှပြိုင်ပွဲ၊ လှည်းယာဉ်ကြော့ပြိုင်ပွဲတွေကို ပြန်လည်ဖော်ထုတ်ချင်တာရယ် နောက်ပြီး လေးစားချစ်မြတ်နိုးရတဲ့ ဖခင်ဗိုလ်ချုပ်ရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်တာရယ်ကြောင့် လုပ်ရတာပါ။ အခုခေတ်မှာ ကျနော်တို့ဒေသအနေနဲ့ တောင်သူလုပ်ငန်းခွင်ေ်တွမှာ ကျွဲ၊ နွားအစား စက်တွေ သုံးလာလို့ ကျွဲ၊ နွားတွေက တဖြည်းဖြည်းရှားလာပြီ။ ကျွဲ၊ နွားမွေးတဲ့အလေ့လည်း နည်းလာပြီ။ အရင်ကတော့ လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့ဆို တစ်နယ်လုံးကပြိုင်ပွဲတွေ လုပ်ကြတယ်။ အခုက ပျောက်သလောက်ဖြစ်နေပြီ။ အဲဒီအတွက် ပြန်လည်ဖော်ထုတ်ချင်လို့ လုပ်တာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီပြိုင်ပွဲကို ဂန့်ဂေါမြို့နယ်အတွင်းက နွားချစ်မြတ်နိုးသူတောင်သူတွေ လာရောက်ယှဉ်ပြိုင် ခဲ့ကြပါတယ်။ ပြိုင်ပွဲကို အကြီးတန်း၊ အငယ်တန်းရယ်လို့ ၂မျိုးကျင်းပခဲ့ပြီး အကြီးတန်းမှာ နွားအရှဉ်း ၁၅ ရှဉ်း၊ အငယ်တန်းမှာ ၁၆ ရှဉ်းတို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ ဆုအနေနဲ့ ပထမဆုကို ၁၃၀၀၀၀ ကျပ်၊ ဒုတိယဆုကို ၁သိန်းကျပ်နဲ့ တတိယဆုကို ၇ သောင်းကျပ်စီ အသီးသီးချီးမြှင့်ခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စားကျက်မြေတွေနည်းပါးလာတာ၊ အိန္ဒိယကို နွားမှောင်ခိုတင်ပို့မှု မြင့်တက်တာ၊ လယ်ယာလုပ်ငန်းခွင်မှာ ကျွဲနွားအစား စက်တွေကို အသုံးပြုလာတာတွေကြောင့် ကျွဲနွားတွေရှားပါးလာသလို ဈေးတွေကလည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013