DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်တွင် ငှက်ဖျားဖြစ်ပွားနှုန်းပိုများလာ
DVB
·
February 13, 2018
ရွှေကျင်မြို့နယ်တွင် ငှက်ဖျားဖြစ်ပွားနှုန်းပိုများလာ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ငှက်ဖျားဖြစ်ပွားတဲ့သူ အရေအတွက်ဟာ အရင်နှစ်တွေကထက် ပိုများလာတယ်လို့ ရွှေကျင်မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က သိရပါတယ်။

ရွှေကျင်မြို့ဒေသခံအများစုဟာ တောတောင်ကို အမှီပြုပြီး အဓိကလုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်တာကြောင့် မိုးရာသီကာလခြင်ပေါက်ဖွားမှုနှုန်းများတဲ့ အချိန်မှာ ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များကြတာ ဖြစ်ပါတယ်။

ရွှေကျင်မြို့မှာ အရင်ကငှက်ဖျားရောဂါကြောင့် သေဆုံးသူတွေများခဲ့ပေမယ့် ၂၀၁၀ ခုနှစ် လောက်ကစပြီး သွားလာရခက်ခဲတဲ့ဒေသတွေမှာ စေတနာ့ဝန်ထမ်းတွေထားရှိတာ၊ အခမဲ့ ဆေးကုသပေးတာ၊ ခြင်လုံခြင်ထောင်ဝေတာ၊ သွေးစစ်တာ၊ အသိပညာပေးတာတွေ စတင် လုပ်ခဲ့တာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာခဲ့ပေမယ့် ခုနှစ်ပိုင်းတွေမှာ တောတွင်း လုပ်ငန်းလုပ်ကိုင်သူတွေ များလာတာကြောင့် ရောဂါဖြစ်ပွားမှုနှုန်း ပြန်မြင့်မားလာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက လူဦးရေ ၁၇၀၀၀ ကျော်ကို စစ်ဆေးကြည့်ရာမှာ ငှက်ဖျားပိုးတွေ့သူ အယောက် ၂၈၀ ကျော်ရှိပြီး ၂၀၁၆ ခုနှစ်မှာတော့  ၁၄၀၀၀ ကျော်စစ်တဲ့အခါမှာ ၉၈ ယောက်နဲ့ ၂၀၁၇ ခုနှစ်က ၉၆၀၀ ကျော်စစ်တဲ့အခါမှာ ၁၂၁ ယောက် ငှက်ဖျားပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ငှက်ဖျားရောဂါမှာ အသည်းထဲအောင်းတဲ့ပိုးရယ်၊ ဦးနှောက်ထဲရောက်တဲ့ပိုးရယ် နှစ်မျိုးရှိပြီး ဦးနှောက်ထဲရောက်တဲ့ ငှက်ဖျားပိုးက သေစေနိုင် ရူးစေနိုင်ပြီး အသည်းထဲရောက်တဲ့ပိုးက လူကို မသေစေနိုင်ပေမယ့် ခဏခဏဖျားပြီး ဘေလုံးကြီးပိန်လှီကာ အားနည်းတဲ့ လက္ခဏာ ဖြစ်ပွားတတ်ပါတယ်။

ငှက်ဖျားကြီးကြပ်သူ ဦးထွဋ်လင်းနောင်က “ငှက်ဖျားရောဂါပိုးဟာ လူခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၈ ရက်မှ ၁၂ ရက်အတွင်းမှာ ရောဂါလက္ခဏာပြတတ်တယ်။ ငှက်ဖျားရောဂါ နှစ်မျိုးလုံးကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေး ရှိပါတယ်။ ဆေးနှစ်မျိုးတိုက်ရပါတယ်။ ဦးနှောက်ငှက်ဖျားက မနက်တစ်ကြိမ် ညတစ်ကြိမ်နဲ့ ၃ ရက် ၆ ကြိမ်တိုက်ရပါတယ်။ အသဲငှက်ဖျားပိုးက ဆေး ၁၇ ရက်သောက်ရပါတယ်။ ဆရာဝန်တွေပေးတဲ့ဆေးကို သေချာသောက်ရင် ရောဂါလုံးဝပျောက်ကင်းပါတယ်”လို့ ရွှေကျင်မြို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ ကေအန်ယူ ထိစပ်နယ်မြေတွေ ဖြစ်နေတာတွေကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေကြား တောတွင်းလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ပြည်သူတွေကို ကွင်းဆင်းစစ်ဆေးကုသတဲ့နေရာမှာ အခက်အခဲတွေရှိနေတာကြောင့်လည်း ရောဂါဖြစ်ပွားမှုနှုန်းမြင့်လာတာလို့လည်း ဆိုပါတယ်။

ရွှေကျင်မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့အနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ငှက်ဖျားရောဂါ ကင်းစင်စေဖို့ ရည်ရွယ်ပြီး ငှက်ဖျားရောဂါတိုက်ဖျက်ဖို့အတွက် လက်ရှိမှာ သင်တန်းတွေပို့ချနေပါ တယ်။

သတင်း၊ ဓာတ်ပုံ -  နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013