DVB Logo
Home
မြန်မာသတင်း
အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းထုတ်နည်းသင်တန်း မိုးညှင်းတွင် ဖွင့်လှစ်
DVB
·
February 13, 2018
အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းထုတ်နည်းသင်တန်း မိုးညှင်းတွင် ဖွင့်လှစ်
1 / 3
Donate to DVB

အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းပညာသင်တန်းကို ကချင်ပြည်နယ် မိုးညှင်းမြို့ မိုးညှင်းသာစည်ရပ်ကွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးမှာ ဒီကနေ့မနက်က ကျင်းပပါတယ်။

ကျေးလက်နေပြည်သူတွေ တနိုင်တပိုင် စီးပွားရေး လုပ်ကိုင်နိုင်ဖို့နဲ့ ဒေသထွက်ကုန်ကြမ်းတွေကို ကုန်ချောထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာ သင်တန်းပေး တာဖြစ်ပြီး ကုန်ကြမ်းကို နည်းပညာနဲ့ပေါင်းကာ တန်ဖိုးမြှင့်တင်ပေးဖို့ ရည်ရွယ်တယ်လို့ သင်တန်းကြီးမှူးကျင်းပတဲ့   ကျေးလက်ဦးစီးဌာနရုံးမှ ဒေါ်ခင်မျိုးသွယ် ဒု ဦးစီးမှူးက ဒီဗွီဘီကို ပြောပါတယ်။

၁၅ ရက်ကြာမြင့်မယ့်သင်တန်းကို သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြပြီး ဒီသင်တန်းမှာ ဖျော်ရည် ၅ မျိုး၊ ယို ၅ မျိုး၊ လူသုံးကုန် ၅ မျိုး၊ စုစုပေါင်း ၁၅ မျိုးသင်ကြားပေးနေပါတယ်။

ဒေသထွက်ပစ္စည်းများကို အခြေခံပြီး မန်ကျည်းဖျော်ရည်၊ ချဉ်ဆော်ခါးဖျော်ရည်၊ မျက်နှာသစ် ဆပ်ပြာ၊ ဆပ်ပြာခရင်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာဆီ၊ ပယင်းဆပ်ပြာ အမျိုးမျိုးပြုလုပ်ပုံတွေကို လက်တွေ့ပြသပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက “ဒီပညာတွေဟာ အခကြေးငွေနဲ့ သင်ယူရတဲ့ ပညာမျိုးဖြစ်တယ်။ ဒီမှာက တက်ရောက် စေချင်တယ်။ အခမဲ့သင်ကြားခွင့် ရတယ်။ စားဖိုမှူးပညာနဲ့လည်း ဆက်သွယ်ထားတဲ့အဆင့် ပညာဖြစ်တယ်။ စိတ်ပါဝင်စားစွာ သင်ကြားစေချင်တယ်”လို့သင်တန်းဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

ကျေးလက်ဦးစီးဌာနဝန်ထမ်းတွေက မြန်မာနိုင်ငံ အသေးစားစက်မှုမှာ ပညာသင်ကြားခဲ့ပြီး ကျေးလက်ဒေသပြည်သူများကို ဆင့်ပွားသင်တန်းပေးတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှ နည်းပြ သင်တန်းသား ၄ ဦး အသေးစားစက်မှုမှာ ပညာသင်ယူခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ တနိုင်းမြို့များမှာ ဆင့်ပွားပို့ချပြီးပြီလို့ သိရပါတယ်။ ယခု မိုးညှင်းမြို့နဲ့ ဝိုင်းမော်မြို့တို့မှာ တပြိုင်တည်း သင်တန်းဖွင့်လှစ်တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013