DVB Logo
Home
မေးမြန်းခန်း
သမ္မတ၏ပြုပြင်​ပြောင်း​လဲ​ရေး​ မိန့်​ခွန်း​နှင့်​ပတ်သက်ပြီး​ ကို​အောင်သူငြိမ်း​ကို ​မေး​မြန်း​ချက်
DVB
·
May 14, 2012
သမ္မတ၏ပြုပြင်​ပြောင်း​လဲ​ရေး​ မိန့်​ခွန်း​နှင့်​ပတ်သက်ပြီး​ ကို​အောင်သူငြိမ်း​ကို ​မေး​မြန်း​ချက်
Donate to DVB

နိုင်ငံ​တော်ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​များ​ကို ပိုမို ထိ​ရောက်စွာ ပြုပြင် ​ပြောင်း​လဲကြိုး​ပမ်း​ဆောင်ရွက်​ရေး​ဆိုင်ရာ လုပ်ငန်း​ညှိနှိုင်း​အစည်း​အ​ဝေး​ကို ပြီး​ခဲ့​တဲ့​ ​မေ ၁၁ ရက်​နေ့​က ​နေပြည်​တော်မှာကျင်း​ပခဲ့​ပြီး​၊​ နိုင်ငံ​တော် သမ္မတ ဦး​သိန်း​စိန် တက်​ရောက် အမှာစကား​ပြောကြား​ခဲ့​ပါတယ်။

[caption id="attachment_25344" align="alignleft" width="300" caption="ကို​အောင်သူငြိမ်း​"][/caption]

အစည်း​အ​ဝေး​ကို ဒုတိယ သမ္မတ ​ဒေါက်တာစိုင်း​မောက်ခမ်း​နဲ့​ ပြည်​ထောင်စု ဝန်ကြီး​တွေ၊​ တိုင်း​ဒေသကြီး​၊​ ပြည်နယ် အစိုး​ရဝန်ကြီး​ချုပ်​တွေ၊​ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ တိုင်း​နှင့်​ ​ဒေသ ဥက္ကဋ္ဌ​တွေ တက်​ရောက်ခဲ့​ကြပါတယ်။

သမ္မတက ကျ​နော်တို့​ အစိုး​ရရဲ့​ နိုင်ငံ​တော် ဖွံ့​ဖြိုး​တိုး​တက်မှုအတွက် ပြုပြင်​ပြောင်း​လဲ​ရေး​ မဟာဗျူဟာ ပထမအဆင့်​ (First Stage of Reform Strategy for National Development)ကို အတိုင်း​အတာ တခုအထိ ​ဆောင်ရွက်ခဲ့​ကြပြီး​ ဖြစ်ပါတယ်။ ယခု ပြုပြင်​ပြောင်း​လဲ​ရေး​ မဟာဗျူဟာ ဒုတိယအဆင့်​ (Second Stage of Reform Strategy for National Development) ကို တဆင့်​တက်ပြီး​ ​ဆောင်ရွက်ရမှာ ဖြစ်တဲ့​အ​ကြောင်း​၊​ ပြီး​ခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အ​တွေ့​အကြုံအရ ဒီ​နေ့​ ပြည်သူ​တွေရဲ့​ ဆန္ဒက အ​ပြောင်း​အလဲကို လိုချင်ပြီး​ ကျွန်​တော်တို့​ အစိုး​ရရဲ့​ ​အောက်​ခြေ ရပ်ကွက် ​ကျေး​ရွာအဆင့်​မှ မြို့​နယ်၊​ တိုင်း​ဒေသကြီး​/ ပြည်နယ်မှ ပြည်​ထောင်စု အဆင့်​အထိ ​ရှေး​ယခင် လုပ်နည်း​လုပ်ဟန်​တွေအတိုင်း​ လုပ်ကိုင်​ဆောင်ရွက်​နေကြတာကို မကြိုက်​တော့​ဘူး​ဆိုတဲ့​ အ​နေအထား​ကို ပြသခဲ့​ခြင်း​ ဖြစ်ပါတယ်လို့​ အစချီပြီး​ ​ပြောင်း​လဲရမယ့်​ကိစ္စရပ်​တွေ ​တော်​တော်များ​များ​ ​ပြောကြား​သွား​ခဲ့​ပါတယ်။

သမ္မတရဲ့​ ​ပြောကြား​ချက်ထဲက အချက်တချို့​နဲ့​ ပတ်သက်ပြီး​ ထိုင်း​နိုင်ငံအ​ခြေစိုက် ဗဟုဖွံ့​ဖြိုး​ရေး​အဖွဲ့​က သု​တေသီ ကို​အောင်သူငြိမ်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

နိုင်ငံ​တော်သမ္မတက​နေပြီး​တော့​ ​ဒေသဖွံ့​ဖြိုး​ရေး​၊​ နိုင်ငံ​တော်ဖွံ့​ဖြိုး​ရေး​ ဆိုပြီး​တော့​ စကား​ပြောသွား​တာ ​တွေ့​ရပါတယ်။ ဒီမိန့်​ခွန်း​တခုလုံး​ကို အပိုင်း​လိုက် မ​မေး​ခင်မှာ ကို​အောင်သူငြိမ်း​အ​နေနဲ့​ မိန့်​ခွန်း​တစုံလုံး​ပေါ်မှာ ခြုံပြီး​တော့​ တချက်​လောက် သုံး​သပ်​ပေး​ပါလား​။

“ကျ​နော့်​အမြင်က​တော့​ ပြီး​ခဲ့​တဲ့​ ကာလ​တွေမှာ သမ္မတအ​နေနဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေ စလာတဲ့​ပုံက တဖြည်း​ဖြည်း​နဲ့​ စမ်း​သပ်ပြီး​တော့​ လုပ်လာတဲ့​ ပုံစံမျိုး​နဲ့​ တူပါတယ်။ အခုအ​နေအထား​မှာ​တော့​ ပိုပြီး​တော့​ ယုံကြည်မှုလည်း​ ရှိလာတယ်။ ​နောက်တခုက အခုအချိန်မှာ​တော့​ ဒုတိယတဆင့်​ပေါ့​ဗျာ။ ပြုပြင်​ပြောင်း​လဲ​ရေး​တွေ အရှိန်မြှင့်​မယ်ဆိုတဲ့​ သ​ဘောမျိုး​လည်း​ ရတယ်လို့​ ထင်ပါတယ်။”

နောက်တပိုင်း​က သမ္မတဖြစ်လာပြီး​တော့​လည်း​ သူ​ပြောခဲ့​တယ်။ အခုတခါမှာလည်း​ ထပ်ပါ ပါတယ်။ လာဘ်​ပေး​လာဘ်ယူကိစ္စကို ​ရှောင်ရှား​ကြဖို့​၊​ မလုပ်ကြဖို့​ ​ပြောပါတယ်။ ဒါ​ပေမယ့်​ ဒီ လာဘ်​ပေး​လာဘ်ယူနဲ့​ပတ်သက်လို့​ တနှစ်​ကျော် ကြာလာတဲ့​ သက်တမ်း​ကာလမှာ ဘယ်လိုအ​ရေး​ယူလိုက်တယ်၊​ နှိမ်နင်း​လိုက်တယ်၊​ ဘယ်လို နှိမ်နင်း​လိုက်မှရ​တော့​မယ် ဆိုတာမျိုး​ အခုထိ ​ပြောတာမ​တွေ့​ရ​သေး​ပါဘူး​။ အဲ့​အ​ပေါ်မှာ​ရော ဘယ်လို သုံး​သပ်ချင်ပါလဲဗျာ။

“ကျ​နော်မြင်တာက​တော့​ ပြီး​ခဲ့​တဲ့​ ကာလ​တွေမှာ သမ္မတအ​နေနဲ့​ ကတိကဝတ်​တွေ ​ပေး​ခဲ့​တာ အများ​ကြီး​ပါပဲ။ သန့်​ရှင်း​တဲ့​ အစိုး​ရဖြစ်​အောင်လုပ်မယ်။ ပိုပြီး​တော့​ ​ကောင်း​မွန်တဲ့​ အစိုး​ရစနစ်ဖြစ်​အောင် လုပ်မယ်ဆိုတာမျိုး​တွေ ​ပြောခဲ့​တာ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​ တကယ်လက်​တွေ့​ ဘာ​တွေအစီအစဉ်ချပြီး​ လုပ်မှာလဲ.။ ဘယ်လိုလုပ်မှာလဲ​ပေါ့​နော်။ ​နောက်တခုက အခုအချိန်ကာလမှာ အ​ပြောင်း​အလဲသ​ဘောမျိုး​သွား​နေ​တော့​ တချို့​ဟာ​တွေက ဘယ်လို​ခေါ်မလဲ လုပ်ဖို့​ စိတ်ကူး​တော့​ ရှိတယ်။ တကယ့်​ လက်​တွေ့​မှာ​တော့​ မလုပ်နိုင်​သေး​တာ​တွေ၊​ အခက်အခဲရှိတာ​တွေ ဒါ​တွေ အများ​ကြီး​ရှိတယ်လို့​ ကျ​နော်ထင်ပါတယ်။ ​ရှေ့​ဆက်မယ့်​ ကာလ​တွေမှာလည်း​ ဒီလိုအခက်အခဲ​တွေ၊​ ကတိ​ပေး​ပြီး​မှ မဖြစ်လာတာမျိုး​တွေ ရှိလိမ့်​ဦး​မယ်လို့​ ကျ​နော်မြင်ပါတယ်။”

ဒီတခါ မိန့်​ခွန်း​ထဲမှာဆိုရင်​တော့​ ပြည်ပမှာ အလုပ်မျိုး​စုံလုပ်​နေတဲ့​ မြန်မာ​တွေပြန်လာကြဖို့​ သူက ထပ်ပြီး​ ဖိတ်​ခေါ်ပါတယ်။ ဖိတ်ကြား​ပါတယ်လို့​ ထပ်​ပြောတယ်ဗျ။ ပြန်လာဖို့​ အခက်အခဲရှိရင်လည်း​ သူကူညီပါ့​မယ်လို့​ ​ပြောတယ်။ ပြန်လာပြီး​ရင်​ရော ကျ​နော်တို့​ ဘာ​တွေလုပ်ကြမလဲ။ အလုပ်အကိုင်အခွင့်​အလမ်း​တွေက ဘာ​တွေရှိလဲဆိုတာ​တော့​ သူ​သေချာထည့်​သွင်း​မ​ပြောသွား​ဘူး​။ တခါတုန်း​က သူတို့​ ​ပြောဖူး​သလိုဆိုရင်​တော့​ ​မြေလွတ်​မြေလပ်​တွေ အများ​ကြီး​ ရှိတယ်။ လာစိုက်ကြပါဆိုတဲ့​ ပုံစံမျိုး​လောက်နဲ့​တော့​ မရ​လောက်ဘူး​နဲ့​တူတယ်။ အခုဖိတ်​ခေါ်တဲ့​အ​ပေါ်ကို​ရော ဘယ်လိုမြင်မိပါလဲဗျ။

“ဖိတ်​ခေါ်တယ်ဆိုတာ​တော့​ ကျ​နော်တို့​ဘက်က ကြိုဆိုဖို့​ကောင်း​ပါတယ်။ တကယ့်​လက်​တွေ့​မှာကြ​တော့​ ဖိတ်​ခေါ်တဲ့​လူ​တွေ ပြန်နိုင်ဖို့​ လုပ်ငန်း​ပေါ့​ဗျာ။ တကယ့်​ လက်​တွေ့​လုပ်ငန်း​တွေက ဘာ​တွေရှိသလဲ။ ​နောက်တခုက လူ​တွေက ​ယေဘုယျ​ပြောမယ်ဆိုရင်​တော့​ ​ရေကြည်ရာမြက်နုရာ ရှာတဲ့​သ​ဘောဆို​ပေမယ့်​ တဖက်မှာလည်း​ ကိုယ့်​အိမ်ကိုယ့်​ရာကို ခင်တွယ်ပါတယ်။ အဲ့​အ​နေအထား​မှာ​တော့​ ကျ​နော်တို့​ ပြန်လာရင် ဘာလုပ်ကြမှာလဲ စသည်ဖြင့်​ အ​ခြေအ​နေ​ကောင်း​တွေ အခွင့်​အလမ်း​ကောင်း​တွေက ဘာ​တွေရှိ​နေသလဲ။ လူရဲ့​ သ​ဘောက တွက်ကြမှာပဲဗျ။ အဲ့​အ​နေအထား​မှာ​တော့​ ကိုယ့်​ဘက်က ပိုပြီး​ပွင့်​လင်း​လာတယ်။ ပိုပြီး​ အခွင့်​အလမ်း​ကောင်း​တွေ များ​လာတယ်ဆိုရင်​တော့​ ကျ​နော်ထင်တယ်။ လူ​တွေက ပြန်ကြမှာပဲ။”

သူ​ပြောတဲ့​မိန့်​ခွန်း​မှာ လုံ​လောက်မှုရှိတယ်လို့​မြင်ရလား​၊​ ဘယ်လိုမြင်ရလဲ။

“အခုအ​နေအထား​နဲ့​က​တော့​ သမ္မတအ​နေနဲ့​က မူဝါဒဆိုင်ရာ မိန့်​ခွန်း​ပေါ့​။ ဒီလိုသ​ဘောမျိုး​ ရှိပါတယ်။ ဒါ​ပေမယ့်​ လက်​တွေ့​မှာ​တော့​ ​အောက်က သက်ဆိုင်ရာဝန်ကြီး​ဌာန​တွေ သက်ဆိုင်ရာဌာန အသီး​သီး​ပေါ့​။ လုပ်ငန်း​ကိုင်ငန်း​တွေ အများ​ကြီး​လုပ်ဖို့​ လိုပါ​သေး​တယ်။ ​နောက်တခုကျ​တော့​လည်း​ စီး​ပွား​ရေး​စနစ်ဆိုတာက အမိန့်​ပေး​ပြီး​တော့​ အခု​ကောင်း​စေဆိုပြီး​ လုပ်လို့​မရပါဘူး​။ တကယ်စီး​ပွား​ရေး​ ​ကောင်း​မှပဲ လူ​တွေဘက်က စဉ်း​စား​ကြမယ်လို့​ ထင်ပါတယ်။”

နောက်တခုက သမ္မတ အခုတကြိမ်​ပြောတဲ့​ အစည်း​အ​ဝေး​ပွဲက အစ​ပေါ့​၊​ အင်တာနက် စာမျက်နှာ​တွေ​ပေါ်မှာ နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ​ဖေ့​ဘုတ်စာမျက်နှာဆိုပြီး​ တင်ထား​ပြီး​တော့​ ဓာတ်ပုံ​တွေ​ကော၊​ သတင်း​တွေ​ကော အချိန်နဲ့​ တ​ပြေး​ညီတင်ထား​တာ ​တွေ့​ရတယ်။ အဲဒါ​ကြောင့်​လည်း​ ​တော်​တော်များ​များ​တော့​ ဖတ်ရတယ်။ အဲဒီအ​ပေါ်မှာ​ကော ပြန်ကြား​ရေး​အတွက် သမ္မတအဖွဲ့​ရဲ့​ ​ခြေလှမ်း​သစ်တခုလို့​ မြင်လို့​ရမလား​။

“ဒါက​တော့​ ​ပြောမယ်ဆိုရင် ပိုပြီး​တော့​ ပွင့်​လင်း​မြင်သာမှု ရှိ​အောင် လုပ်တယ်လို့​ထင်ပါတယ်။ ဒါ​ပေမယ့်​ တကယ့်​ တကယ် ဒီထက် ထပ်လုပ်ဖို့​ လိုတာ​တော့​ အများ​ကြီး​ပေါ့​။ ဆိုတာ​တော့​ သူများ​နိုင်ငံမှာဆိုရင် ဒီသမ္မတရုံး​က သတင်း​စာရှင်း​လင်း​ပွဲ ပုံမှန်လုပ်တာမျိုး​တွေ၊​ ​နောက်တခုက ပြင်ပမီဒီယာ​တွေနဲ့​ ပုံမှန်ဆက်သွယ်တာ၊​ ​နောက်တခုက ပြည်သူ​တွေက တိုင်ချင်တယ်၊​ အကြံ​ပေး​ချင်တယ်ဆိုရင်လည်း​ ​ပေး​လို့​ရတဲ့​ အီး​မေး​လ်လိပ်စာ​တွေ စသည်ဖြင့်​ ဒါ​တွေက တဖြည်း​ဖြည်း​နဲ့​ ပွင့်​လင်း​မြင်သာမှုကို တိုး​လုပ်သွား​ရင်​တော့​ ​ကောင်း​တယ်လို့​ထင်ပါတယ်။”

သမ္မတမိန့်​ခွန်း​ ဒီနိုင်ငံ​တော် ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အတွက်လို့​ ဆိုပါတယ်။ အဲဒီမိန့်​ခွန်း​အတွက် ကို​အောင်သူငြိမ်း​ ဖြည့်​စွက်ပြီး​တော့​ ​ဆွေး​နွေး​တင်ပြချင်တာ​လေး​ ရှိရင်လည်း​ ဖြည့်​စွက်​ဆွေး​နွေး​ တင်ပြ​ပေး​ပါ။

“ကျ​နော်မြင်တာ​တော့​ ကျ​နော်တို့​ မြန်မာပြည် ပြန်ခဲ့​တဲ့​အချိန်မှာလည်း​ ကျ​နော်တို့​ ​တွေ့​ခဲ့​ရသ​လောက် ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ငန်း​တွေမှာ သွား​နေတယ်လို့​ ထင်တယ်။ ဒါ​ပေမယ့်​ အား​လုံး​ပေါ်မှာ လွှမ်း​ခြုံတဲ့​ အမြင်​ခေါ်မလား​။ အဲဒါ​တွေ​တော့​ ​သေချာဆက်လုပ်ဖို့​လိုဦး​မယ်လို့​ ကျ​နော်ထင်ပါတယ်။ ​နောက်တခုက​တော့​ ပြီး​ခဲ့​တဲ့​ ကာလ​တွေမှာ သမ္မတ​ပြောထား​တာ ရှိပါတယ်။ ဆင်း​ရဲမွဲ​တေမှု ပ​ပျောက်​ရေး​ပေါ့​။ အဲဒီကိစ္စ​တွေနဲ့​ အခုဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေက ဘယ်လိုဆက်စပ်သွား​မလဲ။ နိုင်ငံတကာအကူအညီ​တွေ ဝင်လာရင်လည်း​ အခုလို အလဟဿ မဖြစ်ဘဲနဲ့​ ဘယ်လိုထိ​ရောက်​အောင်လုပ်မလဲ၊​ စသဖြင့်​ အခုလို ကိစ္စ​တွေက​တော့​ အများ​ကြီး​ဆက်ပြီး​တော့​ စဉ်း​စား​ကြဖို့​ ဝိုင်း​ဝန်း​ဆောင်ရွက်ကြဖို့​ လိုမယ်လို့​ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013