DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်  ဖြူးမြို့နယ်တွင် ပဲပြုတ်နှင့် နံပြားဝေငှ (ဓာတ်ပုံ)
DVB
·
February 13, 2018
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်  ဖြူးမြို့နယ်တွင် ပဲပြုတ်နှင့် နံပြားဝေငှ (ဓာတ်ပုံ)
1 / 6
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ မြို့တွေမှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နဲ့ နံပြားတွေကို ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့က လိုက်လံဝေငှ ခဲ့ပါတယ်။

ဖြူးမြို့၊ ညောင်ပင်သာမြို့နဲ့ ကညွတ်ကွင်းမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် တည်ရှိရာတွေမှာ ဝေငှခဲ့တာဖြစ်ပြီး မိဘမဲ့ ကလေးကျောင်းတစ်ကျောင်းနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ကျောင်းတို့မှာလည်း ဗလာစာအုပ်နဲ့ ကျောင်းသား အသုံးအဆောင်ပစ္စည်းတွေကိုလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဖြူးမြို့နယ် အန်အယ်လ်ဒီ မြို့နယ်အလုပ်မှုဆောင် ဦးစိုးလွင်က “ဗိုလ်ချုပ်ကို လူငယ်တွေ အတုယူစေချင်တဲ့အတွက် ဗိုလ်ချုပ်ကို သတိရနေဖို့လည်း ရည်ရွယ်ပါတယ်။ ကျနော်တို့က ဒီလို အထိမ်းအမှတ်ပွဲတွေကို လုပ်နေတာဟာ ပျော်လို့ ပျော်ပွဲရွှင်ပွဲ လုပ်နေတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ဆိုရင် အသက်သုံးဆယ်လောက်နဲ့ နိုင်ငံလွတ်လပ်ရေး ရအောင်လုပ်ခဲ့တယ်။ အဲဒါကို လူငယ်တွေ အတုယူစေဖို့ ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။

အခုလို ပွဲမျိုးတွေကို ဖြူးမြို့နယ်အတွင်းမှာ ဗိုလ်ချုပ်နှစ်တရာပြည့်ပွဲမှ စတင်ကာ နှစ်စဉ်လို ကျင်းပလာခဲ့တာလို့လည်း သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013