DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တုသစ်ဖွင့်လှစ် (သတင်းဓာတ်ပုံ)
DVB
·
February 13, 2018
ဗန်းမောက်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တုသစ်ဖွင့်လှစ် (သတင်းဓာတ်ပုံ)
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့မှာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံစံတူ ကြေးရုပ်တုကို ဒီနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုဟာ ကြေးပိဿာချိန် ၃၀၀နဲ့ ထုလုပ်ထားပြီး အမြင့် ၉ ပေရှိကာ ငွေကျပ်သိန်း ၂၀၀ ကျော်ကုန်ကျတယ်လို့သိရပါတယ်။

ကြေးရုပ်ကို ဗန်းမောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်း လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာထားရှိပြီး  ကြေးရုပ်ဖွင့်ပွဲကိုတော့ လွှတ်တော်အမတ်တွေ၊ ဌာနဆိုင်ရာ တာဝန်သူတွေနဲ့ ပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။

ဒ့ါအပြင် ဗန်းမောက်မြို့နယ်က ကဒူးကနန်းတိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေ၊ တေးသီချင်းတွေ၊ ရှမ်းနီတိုင်းရင်းသားတွေရဲ့ အကတွေ၊ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013