DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား ရန်ကုန်တွင်ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
February 13, 2018
မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား ရန်ကုန်တွင်ကျင်းပ (သတင်းဓာတ်ပုံ)
1 / 9
Donate to DVB

 

ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

ကလေးများနေ့မှာ အများပြည်သူအားလုံး ပူးပေါင်းပါဝင်စေနိုင်ဖို့နဲ့ ကလေးငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်ကို ရည်ရွယ်ကာ တိုင်းဒေသကြီးအဆင့် ကလေးများနေ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။

အခမ်းအနားမှာ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေ ဂိမ်းကစားနည်းတွေ အာဟာရ ကျွေးမွေးတာတွေအပါအဝင် ကလေးငယ်တွေရဲ့တေးသီချင်းသီဆိုဖျော်ဖြေပြခဲ့ပါတယ်။

အဲဒီပွဲမှာတော့ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်မှာရှိတဲ့ မူကြိုသင်တန်းကျောင်းတွေ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွေ၊ ပရဟိတဂေဟာတွေနဲ့ ပုဂ္ဂလိကမူကြိုကျောင်းတွေက ကလေးငယ်တွေ ပါဝင်ခဲ့ပြီး အခမ်းအနားကို ကလေးငယ်ဦးရေ ၅၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013