DVB Logo
Home
မြန်မာသတင်း
အရှည် ၄ ပေခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး ကျောက်ဆည်တွင် တွေ့ရှိ
DVB
·
February 13, 2018
အရှည် ၄ ပေခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး ကျောက်ဆည်တွင် တွေ့ရှိ
Donate to DVB

အရှည် ၄ ပေ လောက်ရှိတဲ့   ဗုံးသီးဟောင်း တလုံးကို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

ငှက္ကတောင်ကျေးရွာနေ ဦးခိုင်မိုးဝင်း ဆိုသူရဲ့ နေအိမ် ခြံဝင်းအတွင်း အိမ်ဆောက်ဖို့ မြေတူးစဉ် ဗုံးသီးဟောင်း တလုံး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သတင်းအရ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်က သွားရောက်ရှင်းလင်းရှာဖွေရာမှာ အရှည် ၃ ပေ ၈ လက်မ၊ လုံးပတ် ၃၆ လက်မ၊ အချင်း ၁၈ လက်မခန့်ရှိ ဗုံးသီးဟောင်း တလုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013