DVB Logo
Home
မြန်မာသတင်း
အင်း​လုပ်ကိုင်ခွင့်​ရ​ရေး​​ ဒေသခံများ​ ဆန္ဒပြ​တောင်း​ဆို
DVB
·
May 14, 2012
Donate to DVB

ဧရာဝတီတိုင်း​ ကျူံ​ပျော်မြို့​နယ်ထဲမှာ အင်း​လေလံပစ်တာကို မ​ကျေနပ်လို့​ ရာနဲ့​ချီတဲ့​ဒေသခံ​တွေ ဆန္ဒပြခဲ့​ကြပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး​ ကျုံ​ပျော်မြို့​နယ်မှာရှိတဲ့​ ရှား​ခဲအင်း​ကို အာဏာပိုင်​တွေက ​လေလံတင်​ရောင်း​ချတဲ့​အတွက် အင်း​အနီး​နား​တဝိုက်မှာ ​နေထိုင်တဲ့​ ​ဒေသခံ ၁၅၀ ​လောက်က ဒီမနက်မှာ ​တောင်း​ဆို ဆန္ဒပြကြတာပါ။

ဒီအင်း​တွေကို ​ဒေသခံပြည်သူပိုင်အင်း​တွေအဖြစ် အသက်​မွေး​ဝမ်း​ကြောင်း​ ပြုခွင့်​ရ​ရေး​အတွက် ဆန္ဒပြသူ​တွေက ​တောင်း​ဆိုခဲ့​တာလို့​ ​ဒေသခံရွာသား​တဦး​က ​ပြောပါတယ်။

“အင်း​လေလံ​ကြေညာတာကို ၁၁ ရက်​နေ့​ ​သောကြာ​နေ့​ကျမှ​ပြောတယ်။ ၁၂ ရက်​နေ့​ စ​နေနဲ့​၊​ ၁၃ ရက်​နေ့​ တနင်္ဂ​နွေမှာ ရုံး​အလုပ်နဲ့​ပတ်သက်လို့​ ပြည်သူပြည်သား​တွေက အင်း​လေလံ​လျှောက်လွှာအတွက်လည်း​ ဘာမှပြင်ဆင်ဖို့​ အချိန်မရဘူး​။ အဲဒီလိုမရ​အောင်လည်း​ တမင်ပြင်ဆင်ထား​တယ်လို့​ ထင်မြင်မိတယ်။ ယူဆမိတယ်။ ဒါ​ကြောင့်​ ပြည်သူ​တွေက ဘာပဲဖြစ်ဖြစ် နိုင်ငံ​တော်က ကြမ်း​ခင်း​ဈေး​က ၃၅၀ လို့​ ကြား​သိရ​ပေမယ့်​ မဝယ်ယူနိုင်​ကြောင်း​ရယ်။ ရှား​ခဲအင်း​ကို မှီခို၍လုပ်ကိုင်စား​သောက်နိုင်ရန်နှင့်​ အသက်​မွေး​ဝမ်း​ကြောင်း​ပြုနိုင်ရန်​သော် လည်း​ကောင်း​၊​ ​ဒေသခံပြည်သူများ​ အကျိုး​ကို​မျှော်ကိုး​၍ ပြည်သူပြည်သား​များ​ ပြန်လည်လုပ်ကိုင်ရှာ​ဖွေစား​သောက်နိုင်ရန်​သော်လည်း​ကောင်း​၊​ နိုင်ငံ​တော် သမ္မတကြီး​နဲ့​တကွ ဝန်ကြီး​အား​လုံး​သည် ပြည်သူပြည်သား​တို့​၏ အကျိုး​စီး​ပွား​ကို အ​လေး​ထား​ဆောင်ရွက်​ပေး​ပါရန်လည်း​ကောင်း​ ဟူ၍ အချက် ၄ ချက်ဖြင့်​ ကျ​နော်တို့​ ​တောင်း​ဆိုလိုက်ပါသည်။”

ရှား​ခဲအင်း​အနီး​နား​မှာ ​နေထိုင်တဲ့​သူ​တွေဟာ အင်း​ကိုအမှီပြုပြီး​ ငါး​ရှာ​ဖွေ စား​သောက်​နေသူ​တွေ ဖြစ်​ပေမယ့်​ အင်း​တရား​ဝင် လုပ်ပိုင်ခွင့်​တော့​ မရပါဘူး​။ ဒီအင်း​ကို အာဏာပိုင်​တွေက ​ဒေသခံ မဟုတ်တဲ့​ သူ​ဌေး​တွေကို ပုဂ္ဂလိကပိုင်အဖြစ် လုပ်စား​ခွင့်​ ​ပေး​ထား​ပါတယ်။

အင်း​သူ​ဌေး​တွေက ​ဒေသခံ​တွေကို အလုပ်မ​ပေး​တဲ့​အတွက် ရွာသား​တွေ စား​ရေး​နေ​ရေး​ အခက်အခဲ ​တွေ့​နေရတာပါ။

“အင်း​နား​နေ အင်း​ရေ​သောက်ပြီး​ အင်း​ကို မှီခိုပြီး​ ငါး​ရှာ​ဖွေ စား​သောက်ပြီး​ အသက်​မွေး​ဝမ်း​ကျောင်း​ ပြု​နေရသူ​တွေ ဖြစ်တယ်။ အခုဟာက ပုဂ္ဂလိက သူ​ဌေး​တွေကို ချထား​ပေး​တာ​တွေ ဖြစ်တဲ့​အတွက် သူတို့​က အင်း​ကို ကန်သဖွယ်ပြုလုပ်ပြီး​ ငါး​မွေး​နေတာ ဖြစ်တယ်။ ဒါ​ကြောင့်​လည်း​ သူတို့​က ​ဒေသခံအား​လုံး​ကို အလုပ်မ​ပေး​ဘူး​။ အဲဒီ​တော့​ စား​ရေး​နေ​ရေး​ အခက်အခဲဖြစ်ပြီး​ အကျပ်အတည်း​မျိုး​စုံ ဖြစ်​နေရတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​က ပြည်သူပိုင် အင်း​အဖြစ် လုပ်ကိုင် စား​သောက်ခွင့်​ ပြန်ချ​ပေး​ဖို့​ကို ဆန္ဒပြတယ်။ ဒီအ​ကြောင်း​ကိုပဲ ​ဆွေး​နွေး​တင်ပြခဲ့​တာပါ။”

ရှား​ခဲအင်း​အုပ်ချုပ်​ရေး​မှူး​က​တော့​ ဆန္ဒပြသူ​တွေရဲ့​ ကိုယ်စား​လှယ်​တွေကို ​ခေါ်ယူ ​ဆွေး​နွေး​ပြီး​နောက် ​လေလံပစ်တာကို ရပ်ဆိုင်း​ပေး​ခဲ့​တဲ့​အတွက် ဆန္ဒပြမှုလည်း​ ရပ်တန့်​သွား​တယ်လို့​ သိရပါတယ်။

ရှား​ခဲအင်း​မှာ လုပ်ကိုင်စား​သောက်ခွင့်​မရတဲ့​ ရွာသား​တွေက ပြီး​ခဲ့​တဲ့​လတုန်း​ကလည်း​ အင်း​ထဲမှာ ငါး​ရှာခွင့်​ရ​ရေး​အတွက် သမ္မတဆီ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013