DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီ၏ ပြည်သူသို့ အစီရင်ခံစာ ပထမဆုံးအကြိမ် ထွက်ရှိ
DVB
·
February 13, 2018
ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီ၏ ပြည်သူသို့ အစီရင်ခံစာ ပထမဆုံးအကြိမ် ထွက်ရှိ
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ ပြည်သူသို့ အစီရင်ခံစာတစောင်ကို ကော်မတီက ပထမဆုံးအကြိမ် ထုတ်ပြန်ပါတယ်။

ကော်မတီရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ လုပ်ငန်းဆောင်ရွက်မှုတွေကို အစီရင်ခံတင်ပြထားပြီး ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု စတဲ့ကဏ္ဍတွေ ပါဝင်ပါတယ်။

ပြည်နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း ၁ ခု၊ စွမ်းအင်လုပ်ငန်း ၂၇ ခု၊ ဝန်ဆောင်မှု လုပ်ငန်း ၁ ခု အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက်ခွင့်ပြုနိုင်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြပါရှိပါတယ်။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရရှိရေး အတွက် သင်တန်း ၂၂ မျိုးမှာ သင်တန်းသား စုစုပေါင်း ၂၁၆ဝ တက်ရောက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်ရွှေစီမံကိန်းနဲ့ အရှေ့တောင်အာရှ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့မှာ ဒေသခံ ပြည်သူ ၅၂ဝ ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း ကော်မတီရဲ့ အစီရင်ခံစာ မှာ ဖော်ပြပါတယ်။

တခါ ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ပြည်နယ်အတွင်း တံတားအစင်း ၂ဝ ဆောက်လုပ်ခြင်း၊ မေယုတောင်ကျော်လမ်း အသစ်နှစ်လမ်း ဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးကဏ္ဍမှာတော့ ပြည်နယ်အတွင်း အင်တာနက် သုံးစွဲသူပေါင်း ၁ သန်းကျော်နဲ့ မိုဘိုင်းတယ်လီဖုန်း လွှမ်းခြုံနိုင်မှုဟာ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော် သုံးစွဲနေပါတယ်။

ရခိုင်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး လုပ်ဆောင်ပေးခဲ့ရာမှာ တပ်တောင်၊ ကမ်ထောင့်ကြီး၊ မြေပုံ၊ ပေါက်တော၊ ဂွ၊ ပုဏ္ဏားကျွန်း စတဲ့ ဒေသတွေမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို မောင်တောမှာ ၁၂ နာရီ၊ ဘူးသီးတောင်မှာ ၉ နာရီ လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီရဲ့ အစီရင်ခံစာ ပထမပိုင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီတရပ်ကို အစိုးရက ၂၀၁၇ အောက်တိုဘာလမှာ စတင်ဖွဲ့စည်းပေးခဲ့ပြီး လေးလ တကြိမ် ပြည်သူကို အစီရင်ခံဖို့ တာဝန်ပေးထာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013