DVB Logo
Home
မြန်မာသတင်း
မွန်နှင့် လားဟူဒေသ ဖွံ့ဖြိုးရေး နိပွန်ဖောင်ဒေးရှင်း ကူညီမည်
DVB
·
February 13, 2018
မွန်နှင့် လားဟူဒေသ ဖွံ့ဖြိုးရေး နိပွန်ဖောင်ဒေးရှင်း ကူညီမည်
1 / 2
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးမယ့် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ရဲ့ ဒေသရှိ လူထုတွေအတွက် အကူအညီတွေ ပေးသွားမယ်လို့ နိပွန်ဖောင်ဒေးရှင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်မှာ နိပွန်ဖောင်းဒေးရှင်း၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟဲအိ ဆာဆာကာဝါက ပြောသွားတာပါ။

“မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ရဲ့ ဒေသမှာ နေကြတဲ့ ပြည်သူတွေ ငြိမ်းချမ်းရေးရဲ့ အကျိုးကျေးဇူးကို မြန်မြန်ခံစားနိုင်ဖို့ ဂျပန်အစိုးရဲ့ နိပွန်ဖောင်းဒေးရှင်း ပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီး အကောင်းဆုံးဖြစ်အောင် ကူညီသွားမှာ ဖြစ်ပါတယ်။”

အန်စီအေ လက်မှတ်ထိုးပြီးပါက ဒေသခံတွေရဲ့ လိုအပ်ချက်မျိုးစုံ ရှိတဲ့အထဲမှာ ဘယ်အရာကို ဦးစားပေး ကူညီထောက်ပံ့ပေးရမလဲ ဆိုတာ ညှိနှိုင်းဆွေးနွေးပြီး အမြန်ဆုံး အစွမ်းကုန် ကူညီမယ်လို့လည်း နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပါဝင်လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

အန်စီအေ လက်မှတ်ထိုးပြီးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒေသအတွက်လည်း နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိ အခြေခံအဆောက်အအုံတွေအတွက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013