DVB Logo
Home
မြန်မာသတင်း
ဆမွတ်ဆာခွန်းတွင် မြန်မာလုပ်သား ၁ ဦး ပလတ်စတစ်မွှေစက်ထဲ သေဆုံး
DVB
·
February 12, 2018
ဆမွတ်ဆာခွန်းတွင် မြန်မာလုပ်သား ၁ ဦး ပလတ်စတစ်မွှေစက်ထဲ သေဆုံး
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့မှာ ဒီကနေ့မွန်းလွဲပိုင်းက မြန်မာအလုပ်သမားတဦး ပလတ်စတစ်ရောနှောတဲ့ ဇလားကြီးထဲမှာ စက်အမွှေခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဆမွန်ဆာခွန်းမြို့ ခုတ်ခန်နယ်မြေ ရပ်ကွက် ၆ ထဲမှာ လုပ်ငန်းခွင်တွင်း မတော်တဆ သေဆုံးမှုရှိကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက်  လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ပလတ်စတစ် ရီဆိုင်ကယ်လ် စက်ရုံတခုရှိ  ပလတ်စတစ်မွှေစက်အတွင်း တကိုယ်လုံး ပျော့ခွေငြိမ်သက်နေတဲ့ အလုပ်သမားတဦးကို တွေ့ရတယ်လို့ ခုတ်ခန်နယ်မြေရဲစခန်း တာဝန်ကျဒု-ရဲအုပ် ဖီရချတ် ပုမ်တမက သတင်းထောက်ကို ပြောပါတယ်။

တာဝန်ရှိသူတွေက အဲဒီအလုပ်သမားကို ကယ်တင်ဆွဲထုတ်ဖို့ ဇယားထဲက စက်ပစ္စည်းကိရိယာတွေကို အချိန်တနာရီကျော် တစစီ ခက်ခက်ခဲခဲနဲ့ ဖြုတ်ထုတ်ပြီး ဆွဲတင်ခဲ့ပေမယ့် အလုပ်သမားကတော့  သေဆုံးသွားခဲ့တယ်လို့  ရဲစခန်းက ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူမှာ အသက် ၂၇ နှစ်ရွယ် ကျော်မင်းထိုက်ဆိုသူ မြန်မာအလုပ်သမားတဦးဖြစ်ပြီး ပလတ်စတစ် ရောမွှေရာမှာ တာဝန်ယူကြောင်း၊ အခင်းဖြစ်ပွားရာ နေရာက စီစီတီဗွီကင်မရာကို ပြန်ဖွင့်ကြည့်ရာမှာ စက်က ကောင်းကောင်းမလည်ပတ်တဲ့အတွက် ကျော်မင်းထိုက်က အထဲက တစ်ဆို့နေတဲ့ အမှိုက်တွေရှင်းဖို့ ဇလားကြီးထဲ ဆင်းသွားခဲ့ပါတယ်။

အဲဒီနောက် တခြားအလုပ်သမားတယောက် ရောက်လာပြီး အထဲမှာ လူရှိနေတာကို မသိဘဲ စက်ခလုတ်လှည့်လိုက်ရာမှာ ကျော်မင်းထိုက်မှာ တကိုယ်လုံး စက်နဲ့အမွှေခံလိုက်ရတာလို့  ဆိုပါတယ်။

ခလုတ်မှားနှိပ်သူ အလုပ်သမားက အရေးပေါ် ကယ်ဆယ်ရေးဌာနသို့ ဖုန်းဆက်အကူအညီတောင်းခဲ့ပြီး တာဝန်ရှိသူတွေ သူ့ကိုအပေါ် ဆွဲတင်လာချိန်မှာတော့ အရိုးတွေ အကုန်ကျိုးသွားပြီလို့ ရဲစခန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013