DVB Logo
Home
မြန်မာသတင်း
စစ်​မှန်​သည့် ငြိမ်းချမ်း​ရေး မရမချင်း ကရင်​အမျိုးသား​နေ့ကို မ​မေ့ကြရန် တိုက်တွန်း
DVB
·
February 12, 2018
စစ်​မှန်​သည့် ငြိမ်းချမ်း​ရေး မရမချင်း ကရင်​အမျိုးသား​နေ့ကို မ​မေ့ကြရန် တိုက်တွန်း
Donate to DVB

စစ်​မှန်​တဲ့ ငြိမ်းချမ်း​ရေး မရမချင်း ကရင်​အမျိုးသား​နေ့ကို မ​မေ့ကြဖို့ ဘားအံမြို့၊ ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဓမ္မာရုံမှာ  ဖေဖော်ဝါရီ ၁၁ ရက် မနက်​က  ပြုလုပ်တဲ့ နှစ်​ ၇၀ ​ပြည့် ကရင်​အမျိုးသား​နေ့အခမ်းအနားမှာ ဖလုံစ​ဝေါ် ဒီမိုကရက်​သစ်​ပါတီ ဒုဥက္ကဋ္ဌက တိုက်​တွန်းလိုက်ပါတယ်​။

ဖလုံစ​ဝေါ် ဒီမိုကရက်​သစ်​ပါတီ၊ ဒုဥက္ကဋ္ဌ ဦး​မန်း​​အောင်​ပြည်​စိုးက “ကျ​နော်​တို့ ငြိမ်းချမ်း​ရေးရပြီလား။ အပစ်​အခတ်​ရပ်​စဲ​​ရေး ကရင်​ ၃ ဖွဲ့ လက်​မှတ်​ထိုးလိုက်​ပြီ၊ အပစ်​အ​ခတ်​ရပ်​စဲလိုက်​တာ ငြိမ်းချမ်း​ရေး မဟုတ်သေး​ဘူး။ အဲဒါကို အားလုံး သတိထားကြဖို့​၊ ငြိမ်းချမ်း​ရေးက အရှည်​ကြီး ကျန်​​သေးတယ်​။ အခုလည်း​​ ဝေဝါး​နေတုန်းပဲ။ ဒါကို ကျ​နော်​တို့ သတိတရနဲ့ ကျ​နော်​တို့ လိုချင်​တဲ့ဟာ အစစ်​အမှန်​မရမခြင်း၊ ကျ​နော်​တို့ အမျိုးသား​နေ့ကို မ​မေ့ကြဖို့ လိုတယ်​” လို့ ​ပြောပါတယ်​။

ကရင်​တစ်​မျိုးသားလုံးရဲ့ မျိုးချစ်​စိတ်​ဓာတ်​၊ စည်းလုံးညီညွတ်​မှု၊ ဇာတိ​သွေး ဇာတိမာန်​ကို သိရှိ​စေဖို့၊ ကရင်​လူမျိုးကို ကမ္ဘာက ပိုမိုသိရှိ​အောင်​၊ တန်းတူအခွင့်အ​ရေးရရှိ​အောင်​ ကရင်​အမျိုးသား​နေ့ကို ရည်​ရွယ်​ကျင်းပတာဖြစ်ပြီး ကရင်ပြည်နယ်တွင်းက ကရင်မျိုးနွယ်စုဝင်​တွေဖြစ်တဲ့ ပိုးကရင်၊ စကောကရင်၊ ဂေဘားကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ ကရင်ဖြူ၊ ကရင်​နီ မျိုးနွယ်စုဝင်​တွေ တက်ရောက်ခဲ့သလို ကယားပြည်နယ်မှ ကယန်းမျိုးနွယ်စုဝင်​​တွေလည်း ​ဧည့်သည်တော်အ​နေနဲ့ တက်ရောက်ခဲ့ကြပါတယ်​။

နှစ်(၇၀) ပြည့် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အ​နေနဲ့ လူငယ်ထူးချွန်ဆုဖြစ်​တဲ့ ပဒိုမန်းရှာဆုကို ကရင်အမျိုးသားရေးအတွက်သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်​တွေမှာ တက်တက်​ ကြွှကြွ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကရင်လူငယ် နော်​ဆက်ဆက်​ကို ​ပေးအပ်​ချီးမြှင့်ခဲ့ပါတယ်။

နှစ် (၇၀) ပြည့် ကရင်အမျိုးသားနေ့ကို ကရင်ပြည်နယ်ကရင်​ လူမှုအဖွဲ့အစည်းက ဦးဆောင်ကျင်းပပြုလုပ်​တာဖြစ်​ပါတယ်​။

ရဲမင်း​ခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013