DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးသေးဟု ရခိုင်အမျိုးသားကောင်စီ ပြော
DVB
·
February 12, 2018
အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးသေးဟု ရခိုင်အမျိုးသားကောင်စီ ပြော
Donate to DVB

ရခိုင်ပြည်အမျိုးသားကောင်စီ (အေအန်စီ) အနေနဲ့ တန်းတူမရှိတာနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်း မရှိတာတွေကြောင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးဘူးလို့ အဖွဲ့ ပြောခွင့်ရ ဦးထွန်းဇော်က ပြောပါတယ်။

အေအန်စီဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်ထိုး မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ လက်မှတ်မထိုးဘူးလို့ ပြောလာတာပါ။

“အားလုံး အတူတကွ လိုက်ပါနိုင်ဖို့အတွက် ကျနော်တို့ နောက်ဆုံးအချိန်အထိ ကြိုးပမ်းခဲ့ပါတယ်။ အခြေခံကတော့ တန်းတူရည်တူနဲ့ အားလုံးပါဝင်နိုင်တဲ့ အနေအထား အခင်းအကျင်း မရှိနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။”

ရခိုင်ပြည်အမျိုးသားကောင်စီရဲ့ ဖေဖော်ဝါရီ ၁၂ ရက် ထုတ်ပြန်ချက်ထဲမှာလည်း အစိုးရနဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ကြား နိဂုံးချုပ်ရန် အခြအနေ မပေးတာနဲ့ တန်းတူအခြခံနဲ့ အားလုံးလိုက်ပါနိုင်တဲ့ အခင်းအကျင်း မရှိတာတွေကြောင့် ဖေဖော်ဝါရီ ၁၃ ရက်၊ အန်စီအေလက်မှတ်ထိုးပွဲကို အဖွဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ယူအန်အက်ဖ်စီ တပ်ပေါင်းစုဝင် တပ်ဖွဲ့ ၄ ခုအနက် မွန်ပြည်သစ်ပါတီနဲ့ လားဟူတပ်ဖွဲ့တို့က အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ ကြေညာထားပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ လက်မှတ်ထိုးကြတော့မှာ ဖြစ်ပါတယ်။

တပ်ပေါင်းစုရဲ့ အနာဂတ်အတွက် အစည်းအဝေးတရပ်ကို မကြာခင်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ပြီး လက်မှတ်ထိုးပွဲရှိလို့ အစည်းအဝေးကို လတ်တလောမှာ ရပ်နားထားပါတယ်။

တပ်ပေါင်းစုမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ရခိုင်ပြည်အမျိုးသားကောင်စီတို့ နှစ်ဖွဲ့ပဲ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013