DVB Logo
Home
မြန်မာသတင်း
ကြား​ဖြတ် စာနယ်ဇင်း​ကောင်စီဖွဲ့​စည်း​ရန် စီစဉ်
DVB
·
May 13, 2012
Donate to DVB

ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်ဆန်း​ဟာ ​မေ ၁၃ ရက်​နေ့​ ည​နေပိုင်း​မှာ မြန်မာနိုင်ငံ သတင်း​စာဆရာအသင်း​၊​ မြန်မာနိုင်ငံစာ​ရေး​ဆရာအသင်း​နဲ့​ မြန်မာနိုင်ငံ ပုံနှိပ်လုပ်ငန်း​ရှင်များ​အသင်း​က တာဝန်ရှိသူများ​နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ လွတ်လပ်တဲ့​ စာနယ်ဇင်း​ကောင်စီတခု ဖွဲ့​စည်း​နိုင်ဖို့​ အဖွဲ့​အစည်း​များ​ထံက အကြံဥာဏ်​တွေ၊​ အဆိုပြုချက်​တွေ ​တောင်း​ခံခဲ့​ပါတယ်။

ဝန်ကြီး​ဌာနအ​နေနဲ့​ ပုံနှိပ်မီဒီယာဥပ​ဒေကို လွှတ်​တော်က အတည်မပြု​သေး​ခင်မှာ စာနယ်ဇင်း​ ​လောကသား​များ​ရဲ့​ အကျိုး​စီး​ပွား​ကို ​ဖော်​ဆောင်နိုင်မယ့်​ စာနယ်ဇင်း​ ​ကောင်စီတခုကို ကြား​ဖြတ်ဖွဲ့​နိုင်ဖို့​ စီစဉ်​နေပါတယ်။

ကြား​ဖြတ်ဖွဲ့​စည်း​မယ့်​ စာနယ်ဇင်း​ကောင်စီနဲ့​ ပတ်သက်ပြီး​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ ရန်ကုန်မီဒီယာဂရုပ်ဖ်မှ ဦး​ကိုကို(စက်မှုတက္ကသိုလ်)က မှတ်ချက်​ပေး​ဖို့​ ​စော​သေး​တဲ့​ အ​ကြောင်း​ ​ပြောပါတယ်။

“ကျ​နော်က မြန်မာဂျာနယ်လစ် အဖွဲ့​အစည်း​ရဲ့​ ဖြစ်​မြောက်​ရေး​ကော်မတီ ဖြစ်​နေတယ်။ ဖြစ်​မြောက်​ရေး​ကော်မတီ ဖြစ်​နေ​တော့​ ကျ​နော်တို့​ ​ပြောတဲ့​ကိစ္စ​တွေက အခုဟာက ဖြစ်​မြောက်​ရေး​ ​ကော်မတီကို ဖိတ်ကြား​တဲ့​အတွက် ကျ​နော်တို့​ပြောမယ့်​ စကား​တွေက ​ကော်မတီ​တွေရဲ့​ အသံနဲ့​ တသံတည်း​ဖြစ်ဖို့​လိုမယ်။ ​လော​လောဆယ်​တော့​ အကြမ်း​ဖျင်း​ပြောရင် ချပြတယ်။ ချပြပြီး​တော့​ ကိုယ်စား​လှယ်​တွေ ပါဝင်မယ့်​ အဖွဲ့​မျိုး​နဲ့​ဖွဲ့​မယ်​လေ။ သို့​သော် ဒီအဖွဲ့​ရဲ့​ အ​နေအထား​နဲ့​ ဘာ​တွေဖြစ်မလဲ။ ကျ​နော်တို့​အ​နေနဲ့​ ဘယ်လိုပါဝင်မှာလဲဆိုတဲ့​ အပိုင်း​က​တော့​ ​ပြောဖို့​စော​သေး​တယ်။ ဖြစ်​မြောက်​ရေး​ကော်မတီ​တွေ​ခေါ်မယ်။ ​ခေါ်ပြီး​တော့​မှပဲ သ​ဘောထား​လေး​ ကျ​နော်တို့​ သိရလိမ့်​မယ်။”

အကြံပြုချက်များ​ကို ​မေလကုန်အပြီး​ ​တောင်း​ခံထား​ပြီး​ ရရှိတဲ့​ အကြံပြုချက်၊​ အဆိုပြုချက်​တွေကို အ​ခြေခံကာ ဇွန်လအတွင်း​မှာ လွတ်လပ်တဲ့​ စာနယ်ဇင်း​ကောင်စီတခု ဖွဲ့​စည်း​နိုင်ဖို့​ နိုင်ငံ​တော်သမ္မတကြီး​ထံ တင်ပြ ​ဆောင်ရွက်သွား​မှာ ဖြစ်ပါတယ်။

စာနယ်ဇင်း​ကောင်စီဖွဲ့​စည်း​ပြီး​တာနဲ့​ စာနယ်ဇင်း​ကျင့်​ဝတ်ဆိုင်ရာကိစ္စ​တွေ၊​ စာနယ်ဇင်း​ အတတ်ပညာဖွံ့​ဖြိုး​ရေး​ဆိုင်ရာ ကိစ္စ​တွေကို စာနယ်ဇင်း​ကောင်စီကပဲ တာဝန်ယူ​ဆောင်ရွက်သွား​မှာ ဖြစ်တယ်။

ဒါ့​အပြင် စာနယ်ဇင်း​ကောင်စီဖွဲ့​စည်း​ပြီး​တာနဲ့​ လက်ရှိတင်ထုတ်စနစ် ကျင့်​သုံး​နေတဲ့​ သတင်း​နဲ့​ ဘာသာ​ရေး​ဆိုင်ရာ ဂျာနယ်​တွေကိုလည်း​ ထုတ်တင်စနစ်အဖြစ် ​ပြောင်း​လဲကျင့်​သုံး​နိုင်ဖို့​ စီစဉ်​ဆောင်ရွက်သွား​မယ်လို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရ ဦး​ရဲထွတ်ရဲ့​ ​ဖေ့​စ်ဘွတ်စာမျက်နှာမှာ ​ဖော်ပြထား​ပါတယ်။

လော​လောဆယ်​တော့​ လာမယ့်​အပတ်မှာ တင်ထုတ်စနစ်ကျင့်​သုံး​နေရတဲ့​ ဝတ္ထုများ​ကို ထုတ်တင်စနစ်ကို ​ပြောင်း​လဲကျင့်​သုံး​ဖို့​ အတွက် ဝန်ကြီး​က ညွှန်ကြား​ထား​တယ်။

အခုဖွဲ့​စည်း​မယ့်​ စာနယ်ဇင်း​ကောင်စီဟာ ပြည်​ထောင်စုလွှတ်​တော်က ပုံနှိပ်မီဒီယာဥပ​ဒေကို အတည်ပြုပြီး​ချိန်မှာ ဥပ​ဒေပါပြဋ္ဌာန်း​ချက်များ​နဲ့​ အညီ ပြန်လည်ပြင်ဆင် ဖွဲ့​စည်း​သွား​မှာဖြစ်တယ်။ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်ငန်း​စဉ်မှာ စာနယ်ဇင်း​လောကသား​အား​လုံး​က ပါဝင်ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ​မျှော်လင့်​ပါတယ်လို့​လည်း​ ​ရေး​သား​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013