DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ထောင်တွင် လက်ခံနိုင်သည်ထက် အကျဉ်းသားနှစ်ဆ ပြည့်ကျပ်နေ
DVB
·
February 12, 2018
မွန်ပြည်နယ်ထောင်တွင် လက်ခံနိုင်သည်ထက် အကျဉ်းသားနှစ်ဆ ပြည့်ကျပ်နေ
Donate to DVB

မွန်ပြည်နယ်အကျဉ်းထောင်မှာ လက်ခံနိုင်တဲ့ ပမာဏထက် နှစ်ဆလောက် အကျဉ်းသားတွေ ပြည့်ကျပ်နေပြီး အကျဉ်းသားအများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေတဲ့သူတွေ ဖြစ်တယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရပါတယ်။

မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က  “အကျဉ်းကျနေတဲ့သူတွေက မူးယစ်ဆေးဝါးမှုနဲ့ အများကြီးပဲ။ ထောင်ရဲ့ ထက်ဝက်မကဘူး။ မူးယစ်ဆေးဝါးက ထောင်နှစ်ရှည်သမားတွေဆိုတော့ ထောင်နည်းနည်းကျပ်တာပေါ့” လို့ ပြောပါတယ်။

မွန်ပြည်နယ် အကျဉ်းထောင်ဟာ လူဦးရေ ၁၀၀၀ လောက် ဆံ့တဲ့ (က) အဆင့် အကျဉ်းထောင်ဖြစ်ပြီး လက်ရှိ အကျဉ်းသားဦးရေမှာ ၂၀၀၀ လောက်ရှိနေတဲ့အတွက် အကျဉ်းသား ၁၂၀၀ လောက် ဆံ့တဲ့ ကျိုက်မရောအကျဉ်းထောင်သစ်ကို အကျဉ်းသားတချို့ အခုနှစ်အတွင်း အပြီးသတ်ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။

“ကျိုက်မရောထောင်က Infrastructure တွေတော့ မပြီးသေးဘူး။ ရေ၊ မီးတွေ လုပ်နေတယ်။ အိပ်ဆောင်တို့၊ အုတ်ရိုးတို့တော့ပြီးပြီ။ ရေပိုက်လိုင်းတွေ မရသေးဘူး။ မီးတွေ မရသေးဘူး။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ (အကျဉ်းသားတွေ) ထားဖြစ်မယ်” လို့ သူက ဆက်ပြောပါတယ်။

အကျဉ်းထောင်အတွင်း အကျဉ်းသားတချို့မှာ ရောဂါသည်တချို့ရှိနေပြီး အိပ်ခ်ျအိုင်ဗွီ ရောဂါဝေဒနာရှင်တွေကို အစိုးရနဲ့ NGO အဖွဲ့အစည်းတွေက ဆေးဝါးတွေ ထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ဆီမှာ အကျဉ်းထောင်ဆရာဝန်တ ယောက်ရှိတယ်။ Nurse တယောက်ရှိတယ်။ သူနာပြု သားဖွားတယောက်ရှိတယ်။ အကျဉ်းထောင်ဆရာဝန်လည်း စစ်ဆေးတယ်။ ကာလသားရောဂါနဲ့ ကူးစက်ရောဂါဌာနက ဆရာဝန်တွေလည်း လာပြီးစစ်ဆေးပြီးတော့ ဆေးသောက်ရမယ့်လူတွေ စာရင်းကို ထောင်ကနေတင်ပြတော့ မြို့နယ် NGO ကနေ (ဆေးဝါး) ပေးပါတယ်။ အစိုးရကလည်း ပေးပါတယ်။ ဆေးတော့ရနေပြီ။ ဆေးသောက်ရမယ့် လူမှန်သမျှ ဆေးရတယ်။ ဆေးတကယ် သောက်သုံးနေတဲ့သူက ၁၅ ယောက်ကနေ ၂၀ ကြား ရှိတယ်”လို့ ပြောပါတယ်။

လက်ရှိ မွန်ပြည်နယ်အကျဉ်းထောင်မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီး ထောင်နှစ်ရှည်ကျသူတွေ များပြားလာတဲ့အတွက် ကျိုက်မရောအကျဉ်းထောင်သစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အကျဉ်းသား ၁၀၀၀ ဆံ့(က) အဆင့်ရှိတဲ့ ကျိုက်မရောအကျဉ်းထောင်သစ်ကို ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအနီး ကွင်းအမှတ် (၅၈၆) နဲ့ (၅၉၀) မှာ ဆောက်လုပ်နေတာဖြစ်ပြီး မြေဧက (၂၅၆ ဒသမ ၆၆) ကျယ်ဝန်းတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ အကျဉ်းသား ၁၀၀၀ ဆံ့ (က) အဆင့်ရှိ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) နဲ့ အကျဉ်းသား ၅၀၀ ဆံ့ (ခ) အဆင့်ရှိ သထုံအကျဉ်းထောင် ၂ ခု ရှိတယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာနက သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013