DVB Logo
Home
မြန်မာသတင်း
မြန်မာ့မြေပုံကို လူအမြောက်အမြားဖြင့် ပုံဖော်၍ ကမ္ဘာ့စံချိန်တင်ရန် ကြိုးစား (ရုပ်သံ)
DVB
·
February 12, 2018
မြန်မာ့မြေပုံကို လူအမြောက်အမြားဖြင့် ပုံဖော်၍ ကမ္ဘာ့စံချိန်တင်ရန် ကြိုးစား (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံ မြေပုံကို လူအမြောက်အမြားနဲ့ ပုံဖော်ပြီး ကမ္ဘာ့စံချိန်တင်ဖို့ မကွေးမြို့မှာ ဒီနေ့ ကြိုးစားခဲ့ပါတယ်။
တယ်လီနော မြန်မာက ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒီပွဲကို မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်း တက်ရောက် အမှာစကားပြောခဲ့ပါတယ်။

“ဒီနေ့ဟာ လူဦးရေ အများအပြားနဲ့တကွ စုပေါင်းပြီး မြန်မာနိုင်ငံရဲ့ မြေပုံသဏ္ဌာန်ကိုဖော်ပြီးတော့ စံချိန်တင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေထဲက အခုလို နေ့ရက်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တမ်းဝင်ပြီး နိုင်ငံအတွက် လုပ်ပေးနေကြတဲ့ တိုင်းရင်းသားအားလုံး စုပေါင်းစည်း ခိုင်မာမှုကိုလည်း ဖော်ကျူးတဲ့ အခမ်းအနားတခုကို မကွေးတိုင်းဒေသကြီးမှာ လက်ခံဆောင်ရွက်နိုင်တဲ့အတွက် အထူးတလည် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း လေးစားစွာ ပြောကြားလိုပါတယ်။  မကွေးတိုင်းဒေသကြီးဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်ဇာတိ နတ်မောက်မြို့ တည်ရှိရာ၊ တိုင်းဒေသကြီးအဖြစ် မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းမှာ လူသိများ ထင်ရှားတဲ့ ဒေသတခု ဖြစ်သလို ဒီနေ့ပြုလုပ်တဲ့ ကမ္ဘာ့စံချိန်တင် နေ့ထူးအခမ်းနားကြီးက မကွေးတိုင်းဒေသကြီးကို ကမ္ဘာ့အလယ် ပိုမိုထင်ရှားစေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။”
မကွေးမြို့ ခရိုင်အားကစားကွင်းထဲမှာ ပြုလုပ်ခဲ့ပြီး လူဦးရေ အတိအကျကိုတော့ မသိရသေးပါဘူး။ ပုံဖော်ချိန် ၂ နာရီကြာပြီး ပုံဖော်အပြီးမှာ စံချိန်မှတ်တမ်းယူဖို့ ငြိမ်သက်ခဲ့ကြပါတယ်။

ဒီလို ပြုလုပ်တာကို ဂင်းနက်စ်အဖွဲ့က ဒိုင်တွေလည်း ရောက်ရှိ မှတ်တမ်းယူတယ်လို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ၊ရုပ်သံ - တယ်လီနောမြန်မာဖေ့စ်ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013