DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်လက်မှတ်ထိုးပွဲ တိုက်ရိုက်ထုတ်လွင့်မည်
DVB
·
February 12, 2018
တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်လက်မှတ်ထိုးပွဲ တိုက်ရိုက်ထုတ်လွင့်မည်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ (NMPS) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ ပြန်ကြားရေးက ကြေညာထားပါတယ်။

မနက်ဖြန် နေပြည်တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ပြုလုပ်မှာပါ။

ဒီအခမ်းအနားကို မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က စပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC)၊ မြန်မာ့အသံ ရေဒီယို၊ မြဝတီနဲ့ တခြားရုပ်သံ တချို့အပါအဝင် MRTV ဖေ့စ်ဘွတ်ခ်ကလည်း ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံပြီး  အန်စီအေ လက်မှတ်ရေးထိုးရေး ကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေအပြီးမှာ လက်မှတ်ရေးထိုးတော့မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက် သူတို့ကို အကြမ်းဖက်သူတွေမဟုတ်ကြောင်းနဲ့ မတရားအသင်းက ပယ်ဖျက်တယ်လို့ နိုင်ငံတော်တော်သမ္မတက မနေ့ကပဲ ထုတ်ပြန်ထားပါတယ်။

အန်စီအေ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013