DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုစိတ်ဓာတ်မရှိရင် ဒီမိုကရေစီတည်ဆောက်ရေး အလှမ်းဝေးနေဦးမည်ဟု သမ္မတ ပြော
DVB
·
February 12, 2018
ပြည်ထောင်စုစိတ်ဓာတ်မရှိရင် ဒီမိုကရေစီတည်ဆောက်ရေး အလှမ်းဝေးနေဦးမည်ဟု သမ္မတ ပြော
Donate to DVB

 

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာမှုမရှိရင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး  အလှမ်းဝေးနေဦးမယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ကျရောက်တဲ့  ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုလိုက်တာဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး သံသယကင်းတဲ့ အကြွင်းမဲ့ ယုံကြည်မှု၊ ခိုင်မာတဲ့ စည်းလုံးမှု၊ ပြတ်သားတဲ့ သန္နိဋ္ဌာန်စိတ်တို့နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာဖွေတဲ့ နည်းလမ်းနဲ့  ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။

တပြိုင်တည်းမှာပဲ အမိမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍစုံမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးအခြေခံ ကောင်းများရရှိဖို့လည်း အရေးကြီးတယ်။

ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့စီးပွားရေးမှာ ရာခိုင်နှုန်းများစွာပါဝင်နေတဲ့ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်လျက်ရှိတယ်လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သမ္မတက နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စိတ်ဆန္ဒကြီးမားစွာ မျှော်လင့်လိုလား တောင့်တနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တည်ဆောက် အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနဲ့အတူ တိုင်းရင်းသားပြည်သူတရပ်လုံးကလည်း အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စု စိတ်ဓာတ်ထာဝစဉ် နိုးကြားရှင်သန်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင် အောင် တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံမှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့  အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်ထောင်စုတ၀န်းလုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို တိုင်းရင်းသားပြည်သူတရပ်လုံးက အလေးအနက်ခံယူပြီး ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး စတဲ့ ဦးတည်ချက်တွေနဲ့ အစိုးရက ကျင်းပပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013