DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး နေရပ်စွန့်ခွာသူများအရေး ဆွေးနွေး
DVB
·
February 12, 2018
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး နေရပ်စွန့်ခွာသူများအရေး ဆွေးနွေး
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆန်တို့ နေရပ်စွန်သူတွေ ပြည်လည်လက်ခံရေး ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက်ထားရှိမှုအပါအ၀င် ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မွန်းလွဲပိုင်းမှာ စစ်တွေကို သွားရောက်ခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့နဲ့အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစ္စလာမ် ဘာသာဝင်တွေနေထိုင်တဲ့ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာကို သွားရောက်ခဲ့ပြီး ကျေးရွာသားတွေနဲ့ တွေ့ဆုံကာ မီးလောင်မှုဖြစ်စဉ်၊ အစိုးရက ပံ့ပိုးကူညီပေးမှု အခြေနေတွေကို  တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း နေအိမ်တွေ ပြန်လည်တည်ဆောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုခဲ့တယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်းလမ်းကနေ ပြန်လည်ဝင်ရောက်လာမယ့် သူတွေကို ယာယီ လက်ခံမယ့် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းကို သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စခန်းတာဝန်ရှိသူတွေက နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ မြန်မာဘက်မှ ဇန်န၀ါရီ ၂၃ ရက်ကစတင်ပြီး ကုန်းလမ်းမှ ပြန်လည် ၀င်ရောက် လာမယ့်သူတွေအတွက် တောင်ပြိုလက်ဝဲ၊ ရေလမ်းမှ ပြန်လည်ဝင်ရောက် လာမယ့်သူတွေအတွက် ငါးခူရ၊ စိစစ်အတည်ပြုပြီးသူတွေအား ခေတ္တတည်းခိုနေထိုင်ဖို့ လှဖိုးခေါင်ကြားစခန်း စတဲ့ ယာယီလက်ခံရေး စခန်းတွေ ဖွင့်လှစ်ထားမှု အခြေအနေတွေ ရှင်းလင်းခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ညနေပိုင်းမှာ တောင်ပြိုလက်ဝဲမြို့မှ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိကြပြီး အထူး လေယာဉ်နဲ့ နေပြည်တော်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013