DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်အပါဝင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ဆန္ဒပြ
DVB
·
February 11, 2018
ဒေါက်တာအေးမောင်အပါဝင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ဆန္ဒပြ
Donate to DVB

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်အပါအ၀င် မြောက်ဦးကိစ္စ ဖမ်းဆီးခံထားရတဲ့ လူတွေကို အစိုးရက တရားဥပဒေအရ မှန်မှန်ကန်ကန် စိစစ်ပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသား တန်းတူအခွင့်အရေးကို အသိအမှတ်ပြုအလေးထားကြဖို့ လူငါးရာခန့်က ဘူးသီးတောင်မြို့ပေါ်မှာ ဒီနေ့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“ဒီနေ့ ဆန္ဒပြရတာ တဦးတယောက်တည်း လွတ်မြောက်ဖို့ ဦးတည်လုပ်တာတော့ မဟုတ်ဘူး။ မြောက်ဦးကိစ္စမှာ ဆိုရင် လူငယ်တွေကို ဖမ်းထားတယ်။ အကြမ်းဖက်တယ်ဆိုပြီး ပစ်ခတ်တာရှိတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ရဲတွေကိုတော့ အရေးယူတယ်ဆိုတာ မကြားရသေးဘူး။ ရဲတွေ ဒဏ်ရာရတယ်လို့ ပြောတယ်၊ ဘယ်လိုဒဏ်ရာရလဲ၊ ဘယ်သူတွေလဲဆိုတာ အခုထိ ချပြတာမရှိသေးဘူး။ တရားမျှတမှုရအောင်၊ ဥပဒေအရ အခွင့်အရေး မျှမျှတတရအောင် တောင်းဆိုတာပါ” လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမောင်သာဖြူက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ရဲ့ ဓာတ်ပုံတွေကိုင်ဆောင်ကြသလို တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရေး၊ မြောက်ဦးကိစ္စ အမှန်တရားပေါ်ပေါက်ရေး၊ ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင် ချက်ခြင်းလွှတ်၊ နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွှတ် စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားကို လုံခြုံရေးချထားခဲ့ပေမယ့် ထူးထူးခြားခြား ကန့်သတ်တားမြစ်တာ မရှိခဲ့ဘူးလို့ ဆန္ဒပြပွဲဦးဆောင်သူတွေဆီက သိရပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁(ခ)(ဂ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)(ဂ)၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)(၂) တို့နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး တရားရုံးမှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။

သတင်း-ကိုအောင်၊ ဓာတ်ပုံ-အနောက်တံခါးမှူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013